တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဖားကန့် မှော်လုပ်ကွက်ဟောင်း ရေကန်အတွင်း ပြုတ်ကျခဲ့သည် မိသားစု (၃) ဦးအထဲမှ အမျိုးသမီးအလောင်းကို (၈) လအကြာမှ ရေထဲကဆယ်ယူရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 413

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၈/၂၀၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်မောင်းလျှံကျေးရွာရှိ မှော်လုပ်ကွက်ဟောင်းရေကန်အတွင်း ပါကျဲဒိုး ကားဖြင့် မိသားစု (၃) ဦး ပြုတ်ကျပျောက်ဆုံးမှု ဖြစ်စဥ်အထဲက  အမျိုးသမီးအလောင်းမှာ () လကြာမှ ရေပေါ်သို့ ထွက်ပေါ်လာခဲ့ကြောင်း သိရှိရသည်။

"မနေ့ကတွေ့တာဗျ၊ အလောင်းကတော်တော်ဆိုးနေပြီ အဝတ်အစားကြောင့်သာ အမျိုးသမီးလို့ ပြောနိုင်တာ"ဟု လူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

၎င်းရုပ်အလောင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိရသည်။ 

အဆိုပါ မိသားစု (လင်မယား ၂ဦးနှင့် ကလေး ၁ ဦး)သည် ကလေးအား ဆေးခန်းပြရန် ၂၀၂၂ ဇွန်လ ၉ ရက်နေ့ နံနက် ၉နာရီအချိန်ခန့်က မှော်မောင်းလျှံမှ ဖားကန့်သို့ ဆင်းလာစဥ် ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြုတ်ကျခဲ့မှုကြောင့် လူမှုကူညီရေး အသင်းများနှင့် ဒေသခံများက (၁) ပတ် တိတိ ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့ပေ။

၎င်းတို့သည် မှော်မောင်းလျှံအကျိုးတူကုမ္ပဏီမှ ဝန်ထမ်းမိသားစုဖြစ်ပြီး ပေ ၄၀၀ နီးပါး နက်သည့် 

မှော်လုပ်ကွက်ဟောင်း ရေ ကန်ထဲကို ကားနှင့် အတူ ပြုတ်ကျ နစ်မြုပ်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ 

"တော်တော် ကြာပြီ ၇ လ ၈ လ လောက်ပေါ့။ အခုမှ ရေထဲက ပေါ်လာတယ်ဆိုတော့ အရမ်းအံ့သြမိတယ်။ တော်တော်ပုတ်ပွနေပြီ အလောင်းလို့သာ သိရုံပဲရှိတော့တယ်" ဟု တွေ့မြင်ခဲ့သည့် ဒေသခံ တစ်ဦး ကပြောသည်။

တွေ့ရှိ အမျိုးသမီးရုပ်အလောင်းကို ဖားကန့်ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများနှင့်ဒေသခံများဝိုင်းဝန်းဆယ်ယူခဲ့ကာ မှော်မောင်းလျှံအကျိုးတူကုမ္ပဏီကမှ တာဝန်ယူ သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။

ကျန်ရှိ အမျိုးသားနှင့် ကလေး တို့ဖြင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ လက်ရှိအချိန်အထိ မသိရသေးပေ။

(NN - 25)

 

ဓာတ်ပုံ - တွေ့ရှိ ရုပ်အလောင်း

ဆက်စပ် သတင်းများ