- Web Master
- ၀၆ အောက်တိုဘာ ၂၀၂၃
(ဓာတ်ပုံသတင်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ
၂၁/၂၀၂၃
ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေ
ယင်းသို့ ခမ်းခြောက်သွားပြီဖြစ်၍
မြို့ပေါ်ရပ်ကွက်များသို့ ရေပေးဝေရာတွင် အခက်အခဲရှိနေပြီး
တချို့ရပ်ကွက်များတွင် သောက်သုံးရေရရှိမှု အခက်အခဲဖြစ်နေကြောင်း
ဒေသခံများက ပြောသည်။
အဆိုပါကန်တော်ကြီးရေကန်တွင် ရေများခမ်းခြောက်နေသဖြင့်
ခွေး၊ နွားစသည့် တိရစ္ဆာန်များသည်လည်း ကန်တော်ကြီးအတွင်း
ဝင်ရောက်ကျက်စားနေကြသည်ကို တွေ့ရသည်။
ကန်တော်ကြီးသည် စစ်တွေမြို့ရှိ
ရပ်ကွက်ပေါင်း ၃၀ ကျော်ကို ရေပေးဝေနေသည့်ကန်ကြီးဖြစ်ပြီး ယင်းရေကို သောက်ရေ၊
သုံးရေအဖြစ်လည်း ဒေသခံများက အသုံးပြုကြသည်။
စစ်တွေမြို့တွင် နှစ်စဉ်နွေရာသီရောက်တိုင်း
ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ကန်တော်ကြီးရေ မရသည့်ရပ်ကွက်များတွင်
အဝီစိတွင်းတူးပြီး မြေအောက်ရေကို သုံးစွဲနေကြရသည်။
စစ်တွေကန်တော်ကြီးကို
လွန်ခဲ့သည့် ၁၉၀၆ ခုနှစ်မှ စတင်တူးဖော်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်
လူနေထူထပ်မှုများပြားလာ၍ ကန်တော်ကြီးတွင် နှစ်စဉ်ရေခမ်းခြောက်မှု ပြဿနာနှ
ယင်းကြောင့် ၂ဝ၁၄ ခုနှစ်မှစတင်ကာ အစိုးရက ကျပ်သိန်းပေါင်း မြောက်များစွာအကုန်အကျခံ တူးဖော်ခြင်းများကို နှစ်စဉ်လိုလို ပြုလုပ်နေသော်လည်း ငွေသာကုန်ပြီး နှစ်စဉ်နွေရာသီရောက်တိုင်း စစ်တွေတွင် ရေရှားပါးမှုနှင့် ကြုံနေရဆဲဟု မြို့ခံများက ဆိုကြသည်။
ဓာတ်ပုံ - ရေလုံးဝခမ်းခြောက်နေသည့် စစ်တွေကန်တော်ကြီးအား ဖေဖော်ဝါရီလ ၂ဝ ရက် တွေ့ရစဉ်။