တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

နေပြည်တော်တွင် Passport စာအုပ်ပြုလုပ်ပေးနေသူ (ပွဲစား) တစ်ဦး ဖမ်းဆီးရမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဥ္စရာ၊ မတ်လ ၁၁/ ၂၀၂၃

 

နေပြည်တော်တွင် ငွေကြေးရယူပြီး Passport စာအုပ်ပြုလုပ်ပေးနေသူ (ပွဲစား) တစ်ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

 

ဟုတ်ပါတယ်။ ပေါင်းလောင်း (၂)ရပ်ကွက်ထဲကပါ။ မတ်လ ၉ ရက်နေ့က ဖြစ်စဉ်ပါ။ အခုအမှုဖွင့် အရေးယူထား ပါပြီဟု ပျဉ်းမနားရဲစခန်း တာဝန်ရှိတစ်ဦးက အတည်ပြုပြောဆိုသည်။

 

ယခု ဖမ်းဆီးရမိသူသည် မတ်လ (၇)ရက်နေ့က ၎င်း၏ “Win Min Thant”အကောင့်နံမည်ဖြင့် “Facebook” စာမျက်နှာ နေပြည်တော်အသိုင်းအဝိုင်းဂရုတွင် နေပြည်တော် ၈ မြို့နယ် အိမ်ထောင်စုဖြင့် ပတ်စ်ပို့ အမျိုးမျိုးကို ယုံကြည်စွာဖြင့် အပ်နှံ့နိုင်ပါပြီ။ ဆက်သွယ်ရန်ဖုန်းနံပတ် 09422116161” ဟု ရေးသားဖြန့်ဝေ ခဲ့ကြောင်း သိရှိရသည်။

 

၎င်းဖြန့်ဝေခဲ့မှုတွင်ပါရှိသည့် ဖုန်းနံပတ်အား Passport စာအုပ်ပြုလုပ်မည့် အသွင်ဖြင့် စစ်ကောင်စီကနေ မတ်လ ၈ ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ရာ သာမန် မြန်မာနိုင်ငံကူးလက်မှတ်အသစ် (သို့) သက်တမ်းတိုး လျှောက်ထားမည်ဆိုပါက ငွေကျပ် ၂၄၀၀၀၀ ပေးချေရမည်ဖြစ်ကြောင်း ဖြေကြားသည်ဟု ဆိုသည်။

 

ထိုအပြင် လိုအပ်သည့် စာရွက်စာတမ်းများနှင့် ပျဉ်းမနားတရားရုံး အရှေ့ရှိ ရွှေလဝန်းမိတ္တူသို့ စရံငွေ ကျပ် ၁ သိန်းဖြင့် လာရောက်အပ်နှံ့ဟု ပြောဆိုခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့တွင် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ဖမ်းချင်လို့ပုံကြီးချဲ့တာပါဗျာ။ Passport ရုံးဘေးမှာကို လူကိုယ်တိုင် ပွဲစားလုပ်နေတာတွေ ရန်ကုန်မှာဆို တစ်ပုံကြီး ဖမ်းပါလား။ မဖမ်းပဲနဲ့များဗျာ။ အရင်ဆုံး ဖမ်းရမှာက ဒီကောင်တွေရုံးထဲက ကောင်တွေကို အရင်ဖမ်းရမှာဗျ။ သူတို့လူတွေကိုယ်တိုင်ပွဲစားလုပ်စားနေတာပါဗျာဟု ပြည်ပထွက်အလုပ်လုပ်ကိုင်မည့် Passport ပြုလုပ်သူတစ်ဦးက ပြောသည်။

 

Passport စာအုပ်ပြုလုပ်မှုအနေဖြင့် သက်မှတ်ထားသည့် နှုန်းထားသည် ကျပ် ၃၅၀၀၀ ဝန်းကျင်သာ ကုန်ကျသာ ဖြစ်ပြီး ပြင်ပစျေးကွက်အနေဖြင့် ကျပ် ၄၀၀၀၀၀ အထိ ပွဲစားစျေးကွက်အတွင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိိရသည်။

လက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု / လျှောက်ထားမှုများတွင် မသမာမှုများ မရှိစေရန်အတွက် Online စနစ် ပြောင်းလဲကျင့်သုံးနေပြီး သက်ဆိုင်ရာ ပတ်စ်ပို့ထုတ်ပေးရေးရုံးများတွင်လည်း ကာယကံရှင် ကိုယ်တိုင် လာရောက်ဆောက်ရွက်ခြင်း မရှိပါက Passport ကိစ္စဆောင်ရွက်ပေးမည် မဟုတ်ကြောင်းကြေညာထားမှုများ တွေ့ရှိရသည်။ (NN – 25)

 

ဓာတ်ပုံ - မတ် ၉ ရက်နေ့ ဖမ်းဆီးရမိခဲ့သည့် Passport ပွဲစားတစ်ဦး

ဆက်စပ် သတင်းများ