တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အမြင့်ပေ ၁၁၉၀၀ ကျော်ရှိသည့် ဖုန်ကန်ရာဇီတောင်ထိပ်တွင် ရခိုင်အမျိုးသမီးတစ်ဦးက ရခိုင်အလံလွှင့်ထူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဥ္စရာ၊ မတ်လ ၁၄/ ၂၀၂၃

ကချင်ပြည်နယ်၊ ပူတာအို တွင်ရှိ ပေ ၁၁၉၃၀ မြင့်သည့် ဖုန်ကန်ရာဇီ တောင်ထိပ်တွင် ရခိုင်အလံကို ခရီးသွားဘလော့ကာ ကျောက်ဖြူသူ အမျိုးသမီးတစ်ဦးက မတ်လ ၉ ရက်နေ့ လွှင့်ထူခဲ့ကြောင်း သိရှိရသည်။

ရခိုင်အလံလွှင်ထူခဲ့သည့် မအေးသဒ္ဓါလှိုင်က တောင်ထိပ်မဟုတ်ရင် မစိုက်ဘူး ဆိုတဲ့ စိတ်နဲ့ဘဲ တက်ခဲ့တာပေါ့၊ တောင်ထိပ်ရောက်ဖို့က မလွယ်ဘူးပေါ့၊ ရာသီဥတုအခြေအနေရော ရေခဲအခြေနေရော၊ လူရော အဆင်ပြေမှဆိုတော့ တောင်ထိပ်တည့်တည့်မှာ စိုက်ထူနိုင်ခဲ့တယ်။ အလံကိုလဲ မသွားခင်ကတည်းက အလံကို စိုက်ဖြစ်အောင် စိုက်မယ်ပေါ့နော်။ ကိုယ့်လူမျိုး ရခိုင်လူမျိုး တစ်ယောက်အနေနဲ့  တောင်ထိပ်ရောက်တော့ အလံလွှင်ထူနိုင်တော့ တော်တော်လေးကို ပျော်ခဲ့ရတယ်ပေါ့ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ဖုန်ကန်ရာဇီတောင် ခရီးအနေဖြင့် ပူတာအိုမှ ရေခဲတောင်ပေါ်အထိ ၅၃ မိုင်ရှိပြီး ပူတာအိုကနေ ရေခဲတောင်ခြေ ဇီယာဒမ်းရွာသို့ ၃၁ မိုင် နှင့် ဇီယာဒမ်းရွာမှ တောင်ပေါ် ၂၂ မိုင်ကွာဝေးကြောင်း သိရှိရသည်။

အဆိုပါ ရေခဲတောင်သည် ပူတာအိုမြို့၏ အနောက်ဘက် (၅၃ မိုင်) မြန်မာ - အိန္ဒိယနယ်စပ်တွင် တည်ရှိပြီး ရဝမ်တိုင်းရင်းသားများ နေထိုင်သည့် ဒေသတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

၎င်းဒေသသည် ခရီးသွားပြည်သူများ နှစ်စဉ် သွားရောက်လှည့်ပတ်ကြမှုများပြားပြီး ယခု ၂၀၂၃ခုနှစ်ဆန်းပိုင်တွင် အသက် ၈နှစ်၊ ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၃ ဦး တောင်ထိပ် တက်ရောက်နိုင်မှု ရှိခဲ့ကြောင်း သိရှိရသည်။

မအေးသဒ္ဒါလှိုင်သည် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူ ခရီးသွား Blogger တစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူသူဖြစ်သည့်အလျှောက် ကျောက်ဖြူမြို့ကို အဓိက Promote လုပ်ဖြစ်သည့် အကြောင်းကိုလည်း ၎င်းကပြောသည်။ (NN – 25)

 ဓာတ်ပုံ - ဖုန်ကန်ရာဇီ ရေခဲတောင်ပေါ် ရခိုင်အလံလွှင်ထူခဲ့သည့် မအေးသဒ္ဓါလှိုင်

ဆက်စပ် သတင်းများ