တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မော်တော်ယာဉ်များနှင့်ထော်လာဂျီယာဉ်များ ကျောက်ဖြူမြို့မဈေးအတွင်း နံနက်ပိုင်းဝင်ရောက်ခွင့် ကန့်သတ်တားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ ၊ မတ် ၂၅/ ၂၀၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မဈေးတွင် ကုန်တင်ကုန်ချ ပြုလုပ်နေကြသည့် မော်တော်ယာဉ်များနှင့် ထော်လာဂျီ ယာဉ်များအား နံနက် (၇)နာရီမှ နံနက် (၁၁) နာရီအတွင်း ဝင်ရောက်ခွင့် ကန့်သတ်တားမြစ်လိုက်ကြောင်း သတင်းရရှိသည်။

နံနက် (၁၁)နာရီနောက်ပိုင်းမှသာ သတ်မှတ်ထားသည့် ပါကင်နေရာများတွင် ကုန်တင်ကုန်ချ ပြုလုပ်ကြရန် ကျောက်ဖြူမြို့နယ်၊ ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီက မတ်လ(၂၄)ရက်၌ စာထုတ် အသိပေးထားသည်။

လူသွားလူလာများချိန်တွင် ယခုကဲ့သို့ ကန့်သတ်လိုက်သည့်အတွက် ကျောက်ဖြူမြို့ခံများ အနေဖြင့် အနည်းငယ် အဆင်ပြေမှုများရှိသည်ဟုလည်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"အရင်ကဆို အဲဒီလို ကန့်သတ်ထားတာ တွေမရှိတော့ လူတွေသွားရေးလာရေး အဆင်မပြေတာတွေ၊ နေရာတွေက ကျပ်တည်းပြီးတော့ သွားလာရေး အဆင်မပြေတာတွေ ကြုံရတယ်။ အဲဒါကြောင့် အခုလို ကန့်သတ်လိုက်တာက ကောင်းပါတယ်"ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှု အန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွား ဘဝဆုံးရှုံးမှုများ ဒဏ်ရာရမှုများ၊ ယာဉ်ကြောင့်ဖြစ်သော သဘာဝ ပတ်ဝန်ကျင်း ထိခိုက်မှုများနှင့် ဈေးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ကျဆင်းလာစေရန် ယခုကဲ့သို့ ကန့်သတ်လိုက်ရခြင်းဖြစ်သည်ဟုလည်းကျောက်ဖြူမြို့နယ် ပုဂ္ဂလိက မော်တော်ယာဉ်များစနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ မော်တော်ယာဉ်များနှင့် ထော်လာဂျီယာဉ်များအတွက် ကျောက်ဖြူမြို့အတွင်းရှိ ဈေးလမ်းလမ်းဆုံမှ ကမ်းနားလမ်း လမ်းဆုံအထိ တစ်လမ်းမောင်း စနစ်ကို သတ်မှတ်ဆောင်ရွက်ထားသည်ဟုလည်း သိရသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်အများအပြားရှိ ဈေးကြီးများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ိုင်ကယ်၊ သုံးဘီး၊ မော်တော်ကား၊ ကုန်တင်ကားများအား လက်ရှိအချိန်ထိ နေရာသတ်မှတ်ထားနိုင်ခြင်းမရှိသည့်အတွက် ဈေးသွားဈေးဝယ်သူများအနေဖြင့် သွားလာမှု အကျပ်အတည်ကို ရင်ဆိုင်နေကြရသည်။ (NN-18)

ဆက်စပ် သတင်းများ