ကြာသပတေး၊ အောက်တိုဘာလ ၂၄ရက်၊ ၂၀၂၄

သံတွဲတွင် လျှပ်စစ်မီတာခ ကျပ် ၂ သိန်းကျော်လျှင် ဘဏ်၌ တိုက်ရိုက်သွားရောက် ပေးသွင်းရမည်ဟု ထုတ်ပြန်


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် လျှပ်စစ်မီတာခ ကျပ် ၂ သိန်းအထက်ကျော်လျှင် ဘဏ်၌ ချက်လက်မှတ် (သို့မဟုတ်) ဘဏ်ငွေပေးအမိန့်  Payment Order-PO များဖြင့် ေးသွင်းရမည်ဟု လျှပ်စစ်ဓာတ်အားစွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။

သံတွဲမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဓာတ်အားခပေးဆောင်ခြင်းနှင့်ပတ်သက်၍ ကျပ် ၂ သိန်းအထိ ဓာတ်အားခများကို ငွေကောက်ကောင်တာများတွင် ငွေသားဖြင့်ပေးဆောင်ရမည် ဖြစ်ပြီး ကျပ် ၂ သိန်းအထက် ဓာတ်အားခများကို ဘဏ်၌ပေးသွင်းရမည်ဟု ယခုရက်ပိုင်းထုတ်ပြန်သည့် အဆိုပါအသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးသုံးစွဲသူများအနေဖြင့် ဘဏ်တွင် Payment Order-PO ဖြင့် ဓာတ်အားခပေးသွင်းရန် အခက်အခဲရှိပါက "လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးတွင် ဘဏ်ငွေသွင်းချလံရယူပြီး မီးသုံးစွဲသူကိုယ်တိုင် ဘဏ်သို့သွားရောက် ပေးသွင်းရမည်" ဟုလည်း အသိပေးထုတ်ပြန်ထားသည်။

သံတွဲမြို့ခံ ကိုတိုးလေးက "မီတာခက သတ်မှတ်ရက်အတွင်းသွားဆောင်ရတဲ့အခါ ကြန့်ကြာတာတွေ ရှိတယ်။ ဒီဘဏ်မှာ သွားဆောင်ရမယ်ဆိုရင်လည်း ပိုက်ဆံထုတ်တာတို့နဲ့ ကျန်တဲ့ငွေရေးကြေးရေး ကိစ္စတွေနဲ့ ကြန့်ကြာမယ်လို့တော့ထင်တယ်။ ဒါပေမဲ့ သူတို့က ဘယ်လို ကဏ္ဍခွဲပေးထားမယ်တော့ မသိဘူးဟု ပြောသည်။

 

ငွေကျပ် ၂ သိန်းကျော် လျှပ်စစ်ဓာတ်အား သုံးစွဲသူများမှာ လုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက် လုပ်ကိုင်သူများဖြစ်၍ ဘဏ်တွင် သွားသွင်းလျှင်လည်း အဆင်ပြေနိုင်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။



 

 “ နှစ်သိန်းကျော်အထက်မှာ သုံးစွဲတဲ့သူတွေက လုပ်ငန်းပိုင်ဆိုင်ရာတွေလုပ်ဆောင်နေသူမို့လို့ အလုပ်သမားတွေကို သွားသွင်းခိုင်းလည်း အဆင်ပြေတယ်။ နှစ်သိန်းကျော်အထက် သုံးတဲ့သူတွေက သာမန်ထက် အလတ်တန်းစားအဆင့်ဆိုတော့ သူတို့အိမ်ကအလုပ်သမားသော်လည်းကောင်း သွားသွင်းခိုင်းရင်တော့ အဆင်ပြေမယ်လို့ထင်ပါတယ်" ဟု ပြောသည်။

ယင်းအပြင် အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်ဗဟိုဘဏ်၏ အသိအမှတ်ပြုဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ Online/Mobile Banking/ Application များဖြင့် ဓာတ်အားခပေးချေခြင်းဆောင်ရွက်နိုင်သလို မီးသုံးစွဲသူများအနေဖြင့်လည်း ဘဏ်တွင် စာရင်းဖွင့်လှစ်ပြီး လစဉ်ကျသင့်သော ဓာတ်အားခများကို ဘဏ်စာရင်းမှ နှုတ်ယူပေးသွင်းသည့် စနစ်ဖြင့်လည်း ပေးဆောင်နိုင်သည်ဟုလည်း ဖော်ပြပါရှိသည်။ 

ဆက်စပ် သတင်းများ