ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်တွင် အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးနှင့် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ရွှေဆိုင် အပေါင်ဆိုင် ပိုင်ရှင်တစ်ဦးနှင့် ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မြို့ခံများက နိရဥ္စရာကိုပြောသည်။

ဖမ်းဆီးခံရသူများမှာ တောင်ကုတ်မြို့၊ သဇင်အပေါင်ဆိုင်ပိုင်ရှင် ကိုအေးချမ်းနှင့်  ချောင်းကောက် ရပ်ကွက်၊ ဦးဥတ္တမလမ်း၊ နတ်မော်ကူးတို့ဆိပ်လမ်းအနီးမှ ဦးအောင်ကိုကို အသက်(၄၀) ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

သဇင်အပေါင်ဆိုင်ပိုင်ရှင် ကိုအေးချမ်းကို ဒီဇင်ဘာ ရက်နေ့ကလည်းကောင်း၊ ဒီဇင်ဘာလ ရက် ညအချိန်တွင် ဦးအောင်ကိုကိုအား ဒီဇင်ဘာ ရက် နာရီခန့်ကသော်လည်းကောင်း စစ်တပ်က   ကားတစ်စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့ခံ တစ်ဦးက ပြောသည်။

"မနေ့ညက ညပိုင်းမှာ နတ်မော်ကူးတို့ဆိပ်လမ်းထောင့်မှ ကားတစ်စီးနဲ့ လာပြီးတော့ ဦးအောင်ကိုကို ကို ဖမ်းသွားတယ် " ဟု ပြောသည်။

ဦးအောင်ကိုကိုအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း မိသားစုဝင်များက နိရဥ္စရာသို့အတည်ပြုသော်လည်း မည်သည့်အချိန်၊ မည်သည့်နေရာ၊ အင်အားမည်မျှဖြင့်လာရောက်ဖမ်းဆီးသည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယမန်နေ့ ဒီဇင်ဘာလ ရက်၊ နာရီ ၂၀ မိနစ်တွင် ပန်းတောင်း-တောင်ကုတ် လမ်းမကြီးရှိ ဇမ္ဗူထွန်းအိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးကျော်လင်းခိုင် ကိုလည်း ဖမ်းဆီးရန် စစ်ကောင်စီတပ်က ဆိုင်ကိုလာရောက် ဝိုင်းဝန်းရှာဖွေခဲ့သော်လည်း ကြိုတင်ရှောင်နေခဲ့သည့်အတွက် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ (NN-23)

ဆက်စပ် သတင်းများ