- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်မှမှတ်ပုံတင်ခွင့်ရပါတီ၅ခုအနက်မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုး
ပြည်နယ်အဆင့် မှတ်ပုံတင်ခွင့်ရပါတီများ၏ ပါတီရုံးများကို အောက်တိုဘာလ မကုန်မီ မြို့ ၅ ခုတွင် အမြန်ဆုံး တည်ဆောက်ဖွင့်လှစ်ရမည်ဟု စစ်ကောင်စီ လက်အောက်ခံ UEC က ညွှန်ကြားထားသည်ဟု သိရသည်။
အဆိုပါပါတီဝင်များအနေဖြင့် ကျေးလက်ဒေသများတွင်သာ အခြေတကျ နေထိုင်ကြသည့်အတွက် မြို့ပေါ်တွင် ရုံးဖွင့်လှစ်ရန်အဆင်မပြေ၍ အောက်တိုဘာ ၂၇ ရက်မှစတင်ကာ ယခုကဲ့သို့ ပါတီကို အလုပ်ကို ရပ်ဆိုင်း လိုက်ရခြင်းဖြစ်သည်ဟု အဆိုပါပါတီနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကို ပြောသည်။
"မြို့ ၅ ခုမှာ ရုံးဆောက်ခိုင်းတော့ သူတို့အများစုက ကျေးလက်ဒေသမှာ နေကြတာများတယ်။ ရုံးဆောက်ခိုင်းတာက မြို့ပေါ်မှာဆိုတော့ သူတို့အဆင်မပြေဘူးကြားတယ်။ သူတို့ဘာသာသူတို့ ရပ်ဆိုင်းလိုက်တာ။ ပြောရရင်တော့ ပါတီကို ဖျက်လိုက်ရတာပေါ့" ဟုပြောသည်။
အဆိုပါပါတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့တွင် ပါတီရုံးဖွင့်လှစ်ကြရမည်ဟု သိရသည်။
မြိုလူမျိုးအများစုမှာ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ရှိ ကျေးလက်ဒေသများတွင်သာ အများဆုံးနေထိုင်ကြသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြိုလူမျိုးတစ်ဦးက "ဒါက လူနည်းစုတွေကို တမင်မဖြစ်နိုင်တာတွေကို လုပ်ခိုင်းသလိုပဲ။ မြို့မှာပဲဆောက်ဆောက်၊ တောမှာပဲဆောက်ဆောက် ပါတီရုံးဆိုပြီးရောမလား"ဟု ပြောသည်။
ယခုဖျက်သိမ်းလိုက်သည့် မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုး
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် လေးနေရာ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကျောက်တော်မြို့နယ်တွင် တစ်နေရာ အနိုင်ရခဲ့သည်ဟု သိရသည်။
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပါတီကို ထပ်မံမှတ်ပုံတင်ခဲ့ပြီး ကိုးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရခဲ့ဟု သိရသည်။
၂၀၁၄ ခုနှစ်တွင် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေး
လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးဝင်ပြိုင်မည့် ပါ
ရခိုင်မှ မှတ်ပုံတင်ခွင့်ရရှိထားသည့် ပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ(AFP)၊ မြိုတိုင်းရင်းသားပါတီ (MNP)၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(MNDP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေ
အဆိုပါပါတီ ၅ ခု၏ ပါတီဝင်များ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့မှာ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့စဉ်ကနှင့် ယခုလက်ရှိ အခြေအနေမှာ ကွဲလွဲမှုများဖြစ်ပေါ်နေ၍ အချက်အလက် အမှန်များအဖြစ် ပြန်လည်ပြင်ဆင်ကာ အောက်တိုဘာ ၃၀ ရက်နောက်ဆုံးထားပြီး UEC ထံ ပြန်လည်ပေးပို့ရန် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။
သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှ
ရခိုင်မှ နိုင်ငံရေးပါတီ ၆ ခုသည် မှတ်ပုံတင်ခွင့်ပေးရန် UEC ထံ လျှောက်ထားခဲ့ကြပြီး ယင်းအနက် မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုး
ရခိုင်အမျိုးသားပါတီ(ANP)တစ်ခု
ဓာတ်ပုံ - ပုံဟောင်း