- Web Master
- ၁၇ အောက်တိုဘာ ၂၀၂၄
အေးမြတ်ခိုင်၊ နိရဥ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၄
ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့နယ်များအထဲက စစ်တွေ၊ အမ်းနှင့် ဂွကလွဲပြီး ရခိုင်တစ်ပြည်လုံးကို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသည်ဟု သတင်းရရှိသည်။
အောက်တိုဘာလ ၁၂ ရက်နေ့စတင်ကာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ဆက်သွယ်၍ မရသေးဟု ပြောဆိုသည်။
မြောက်ဦးမြို့နယ်မှ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မနွယ်ချေက “ရမ်းဗြဲ၊ တောင်ကုတ်၊ မြေပုံ၊ ကျောက်တော် နေရာစုံမှာ ဗုံးကြဲခံရတဲ့သတင်းတွေတက်လာလို့ ဆက်တာ ၁၂ ရက်နေ့ ညနေပိုင်း ကတည်းက အဆက်အသွယ်မရတော့ဘူး”ဟု ပြောသည်။
နိရဥ္စရာ၏ ဆက်သွယ်ချက်အရ ယခင်ဖုန်းရနေသည့် ကျောက်ဖြူ၊ မာန်အောင်၊ မြေပုံ၊ တောင်ကုတ်၊ သံတွဲ တို့တွင်လည်း ဖုန်းနှင့် အင်တာလိုင်း မရရှိတော့ဟု သိရသည်။
စစ်တွေဒေသခံတစ်ဦးက “ဒီမှာလည်း လိုင်းကောင်းတာတော့မဟုတ်ဘူး။ MPT တော့ သုံးလို့ရနေသေးတယ်
စစ်တွေမှာ။ တခြားမြို့နယ်တွေလှမ်းဆက်ကြည့်
ရခိုင်ပြည်တဝန်း ဗုံကြဲတိုက်ခိုက်မှု အခံရဆုံးကာလ၌ ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသောကြောင့် နေ့စဉ်စိုးရိမ်ပူပင်နေရကြောင်း ရန်ကုန်မှာ စစ်ဘေးရှောင်နေသည့် စစ်တွေမြို့မှအမျိုးသမီးတစ်ဦးက ပြောသည်။
“အခုက ဘာသတင်းမှ မတတ်လာတော့ဘူးဆိုတော့ ရခိုင်မှာ ဘာဖြစ်နေနေ သိခွင့်မရတော့ဘူး။ အမတို့မှ မဟုတ်ဘူး။ ရခိုင်ပြည်သူတွေ ဘယ်လိုခံစားနေကြရလဲကို ကမ္ဘာကလည်း မသိကြရတော့ဘူး။ ဘယ်လိုများ နေထိုင်နေကြလဲ။ အဆင်မှပြေကြရဲ့လား။ ဘာတွေဖြစ်နေပြီလဲ အရမ်းသိချင်တယ်။ တချိန်လုံး စိုးရိမ်သောကရောက်နေရတယ်”ဟု ပြောသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းမှာ ရခိုင်ပြည်အတွင်း စစ်ကောင်စီ၏
လူ့အခွင့်အရေးချိုး
ရခိုင်တွင် ဇန်နဝါရီလကတည်းက ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားခဲ့ပြီး နောက်ပိုင်းတွင် နေရာကွက်ကျား ပြန်လည်အသုံးပြုနိုင်ခဲ့သော်လည်
ရခိုင်တွင် AA ထိန်းချုပ်ထားသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုန်နားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရမ်းဗြဲ နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့အား အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ထားသည်မှာ လနှင့်ချီ ရှိနေပြီဖြစ်ကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ်ကလည်း ရခိုင်က
မြို့နယ်အများစုကို စစ်ကောင်စီက အင်တာနက်လိုင်း အသုံး