- Web Master
- ၀၇ ဇွန် ၂၀၂၄
မတရားအသင်းဆက်သွယ်မှု ပုဒ်မ၁၇(၁)အပြင် စစ်ပုန်ကန်မှုပုဒ်မ၁၃၁နှင့်ပါ တရားစွဲဆိုခံခဲ့ရသူ ကျောက်တော်မြို့နယ်၊ ကာဒီကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သည် စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်မြောက်လာခဲ့သော်လည်း သူနှင့်အတူ အဖမ်းခံခဲ့ရသည့် ဦးမောင်သက်စိုးမှာ လွတ်မြောက်လာခြင်း မရှိသေး၍ မိသားစုများ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
ဦးမောင်သက်စိုး၏ ဇနီးဖြစ်သူက
" ကိုမောင်သက်စိုးနဲ့ ဦးလှမောင်သန်းကို ၁၇(၁) တစ်မှုတည်းနဲ့ နှစ်ယောက်လုံးကို တရားစွဲဖမ်းဆီးထားတာပါ။ ရုံးထုတ်စစ်ဆေးတဲ့ အချိန်တွေမှာ
ဦးမောင်သက်စိုးသည် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ချောင်းဖျားရပ်ကွက်မှ ဖြစ်ပြီး ဆန်စက်ပိုင်ရှင် ဦးလှေမောင်သန်းနှင့် အတူ အဖမ်းခံခဲ့ရသူ ဖြစ်သည်။
၎င်းမှာ ၁၇(၁)အမှုတစ်ခုတည်းဖြင့် ပူးတွဲတရားစွဲခံနေရသော်လည်း တရားစွဲဆိုသူ
မရှိ၍ တရားရုံးတင် စစ်ဆေးခြင်းလည်း မရှိကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။
လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာသူ ဦးလှမောင်သန်းကလည်း
"သူက ကျွန်တော့်အမှုတွဲမှာ
ကပ်ပါနေတာ
ဦးမောင်သက်စိုးမှာ တရားစွဲဆိုသူ မရှိသည့်အပြင် အပြစ်တစ်စုံတစ်ရာ မရှိဘဲ အဖော်လိုက်ပါသွားသူဖြစ်၍ ပြန်လွှတ်ပေးစေချင်သည်ဟု မိသားစုဝင်များက ပြောသည်။
ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းသည် လွတ်ငြိမ်းခွင့်ဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်၊ ညနေ ၆ နာရီခန့်က စစ်တွေအကျဥ်းထောင်မှ လွတ်မြောက်လာခြင်း ဖြစ်သည်။
ဦးလှမောင်သန်းက
"ကျွန်တော်က လွတ်ငြိမ်းခွင့်နဲ့လွတ်မြောက်လာ
ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းမှာ ပြီးသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်၊ ညနေ ၅ နာရီခန့်တွင် ကျောက်တော်၊ ကန်စောက် အခြေစိုက် ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ဆန်ဝယ်
ယူထားသည့် အကြွေးကို ပေးမည်ဆိုပြီး ဖုန်းဆက် ခေါ်ယူခဲ့သည့်
ယင်းနောက်ပိုင်းတွင် ဦးလှမောင်သန်းကို စစ်တပ်က ရဲဘော်များကို AA ထံပို့ပေးမည်ဟု စည်းရုံးခဲ့သည့် အတွက်ကြောင့်ဆိုကာ စစ်ပုန်ကန်မှုပုဒ်မ ၁၃၁ အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့်ပါ လုပ်ကြံ တရားစွဲဆို ခံခဲ့ရပြီး ကိုမောင်သက်စိုးကိုပါ ဖမ်းဆီးထားတာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ပူးတွဲကာ တရားစွဲထားခြင်းဖြစ်သည်။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့