သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

တရုတ်က အကျဉ်းချခံမြန်မာနိုင်ငံသား ၁၇၀ကို ပြန်ပို့ရာတွင် ရခိုင်က ၁၂၀ ပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ မေ ၂၀/၂၀၂၂
အကျဉ်းချခံခဲ့ရသည့် မြန်မာနိုင်ငံသား ၁၇၀ ကို တရုတ်အာဏာပိုင်များက ပြန်ပို့ရာတွင် ရခိုင် ၁၂၀ ပါဝင်ကြောင်း RFA သတင်းသိရသည်။
၎င်းတို့မှာ တရုတ်နိုင်ငံ ကွမ်တုံးပြည်နယ် ကွေ့ကျုံးမြို့ ဟွေ့ရန် အကျဉ်းထောင်တွင် အကျဉ်းကျ ခံခဲ့ရသူများ ဖြစ်ကြောင်း သိရသည်။
၎င်း မြန်မာနိုင်ငံသား ၁၇၀ ကို တရုတ်အာဏာပိုင်များက နယ်စပ် မူဆယ် နန်းတော်ဂိတ်ပေါက်ကနေ တဆင့် မြန်မာနိုင်ငံဘက်ကို မေလ ၁၉ ရက် ပြန်ပို့လိုက်သည်ဟု အလုပ်သမားအရေး ကူညီ ပေးနေသူများကို ကိုးကားပြီး RFA က သတင်းဖော်ပြသည်။
ပြန်ပို့လိုက်သည့် လူပေါင်း ၁၇၀ အထဲတွင် အမျိုးသား ၁၁၆ ဦးနှင့် အမျိုးသမီး ၅၄ ဦးပါဝင်ပြီး ၎င်းအထဲမှ လူပေါင်း ၁၂၀ ကျော်လောက်မှာ ရခိုင်ပြည်နယ်က ဖြစ်သည်ဟု ဆိုသည်။
ကျန်သူများမှာ အခြားတိုင်းနှင့် ပြည်နယ်ကဖြစ်ကြပြီး ၎င်းထောင်တွင် နောက်ထပ် ပြစ်ဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော် ကျန်နေသေးသည်ဟု သိရသည်။
၎င်းတို့သည် တရုတ်နိုင်ငံတွင် အလုပ်သွားလုပ်ရင်း အဖမ်းခံရသူများ ဖြစ်ကြသည်ဟု သတင်းတွင် ဖော်ပြထားသည်။
တရုတ်အကျဉ်းထောင်များ၌ အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား အရေအတွက်မှာ ၆၀၀၀ ထက်မနည်းရှိနေသေးကြောင်း မူဆယ်နယ်စပ်က ရွှေ့ပြောင်း အလုပ်သမားတွေအရေး ကူညီပေးနေသူများက ပြောသည်။
( Photo by RFA Burmese)

ဆက်စပ် သတင်းများ