- Web Master
- ၁၅ သြဂုတ် ၂၀၂၄
ရခိုင်ပြည်နယ်၊
မင်းပြားမြို့နယ်တွင် နွားရောင်းပြီးပြန်လာသည့် စက်လှေတစ်စီး
ဓားပြတိုက်ခံလိုက်ရသည်ဟု သိရသည်။
ဓားပြတိုက်ခံရသည့်စက်လှေမှာ
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့မှ အမျိုးသား ၃ ဦး လိုက်ပါလာသည့်
စက်လှေဖြစ်သည်။
အဆိုပါစက်လှေသည်
ဘူးသီးတောင်နှင့် မောင်တောသို့သွားရောက်ကာ နွားရောင်းပြီးနောက်
ကမ်းထောင်းကြီးမြို့သို့ပြန်လာ
“နွားရာင်းပြီးပြန်လာတဲ့ချိန် တိုက်ခံရတာ။ စက်လှေရဲ့ နောက်ကနေ လူ ၃ ဦးက ဟွန်ဒါစက်လှေငယ် တစ်စီးက လာရောက်ပြီး စက်လှေပေါ် ကို တက်ပြီးဓားပြတိုက်သွားတာ။ နွားရောင်းလို ရတဲ့ ငွေတွေ အကုန်ပါ သွားတယ်ကြားတယ်။လူတော့ အသက်မထိခိုက်ဘူးလို့ သိရတယ်”ဟုပြောသည်။
ဓားပြတိုက်ခံရမှုကြောင့် ငွေကျပ် ၁၃ သိန်းကျော်နှင့် လက်ကိုင်ဖုန်းတစ်လုံး ပါသွားကြောင်း သိရသည်။ရခိုင်တွင် တရားဥပဒေစိုးမိုးမှု အားနည်းမှုရှိလာသည်နှင့်အတူ စီးပွားရေး အကျပ်အတည်းများကြောင့် တစ်နေ့တစ်ခြား
ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ လူသတ်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေ