- Web Master
- ၁၅ သြဂုတ် ၂၀၂၄
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ မင်းပြားမြို့နယ် အမှတ်(၂) ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးထွန်းဝင်း အသက် (၉၅)နှစ် သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်ကွယ်လွန်သွားကြောင်းသိရသည်။
ဦးထွန်းဝင်းသည် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ နံနက်၃နာရီ၃၀ အချိန်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နေအိမ်၌ ကွယ်လွန်သွားခြင်းဖြစ်သည်ဟု သိရသည်။
အာရက္ခမီဒီယာအယ်ဒီတာချုပ် ဦးသိန်းထွန်းဇံ ၏ ဖခင်ကြီးလည်းဖြစ်၊
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို
စတင် တည်ထောင်ခဲ့သူ ခေါင်းဆောင်များအထဲက တစ်ဦးလည်းဖြစ်သည့် ဦးထွန်းဝင်းသည် ၁၉၉၀ ခုနှစ်
၎င်းပြင် ဦးထွန်းဝင်းသည် ရခိုင်နိုင်ငံရေးနယ်ပယ်တွင် အချိန်အကြာကြီး ဖြတ်သန်းဖူးသူ တစ်ဦးဖြစ်ပြီး NCGUB အစိုးရအဖွဲ့တွင်လည်း
ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ဦးထွန်းဝင်းသည် “အရက္ခပြည် လုံး၀
လွတ်လပ်ရေးမှတပါး အရာအလိုမရှိ”ဟု ကြွေးကြော်ထားသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
ဦးထွန်းဝင်းအား၂၀၂၄ ခု၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၊ မွန်းလွဲ (၃)နာရီ အချိန်တွင်ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဧကချိုင် လမ်းနံပါတ် (၁၁၉) ဘုန်းတော်ကြီးကျောင်းတွင် မီးသဂြိုလ် မည်ဖြစ်ကြောင်