- Web Master
- ၁၅ သြဂုတ် ၂၀၂၄
(ရခိုင်စစ်မျက်နှာမှ ကြောက်မက်ဖွယ်ရာဖြစ်ရပ်ဆိုး)
ရခိုင်ပြည်၊ မင်းပြားမြို့နယ် င/တန်ပျင်းကျေးရွာတွင် သမီးဖြစ်သူကို စစ်သား ၅ ဦးက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီးနောက်
သားအမိနှစ်ဦးစလုံးအား ရက်စက်စွာ သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြသည့် စစ်ကောင်စီတပ်သားများမှာ အသေဆိုးဖြင့် သေဆုံးခဲ့ကြရသည်ဟု ကိုယ်တိုင် ကျူးလွန်ရာတွင် ပါဝင်သူ တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၀၅) တပ်ရင်းမှ စစ်ကောင်စီ
တပ်သား ကိုကိုအောင်က ဝန်ခံထွက်ဆိုချက်တွင်
ပြောဆိုထားပါသည်။
ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားရာတွင်
၎င်းမိန်းခလေးငယ်အား မုဒိမ်းစတင်ကျင့်သူ
ဆရာကြီးကျော်မင်းဦးမှာ နဖူးကို စနိုက်ပါ တစ်ချက်မှန်ပြီး ၎င်းနေရာတွင်
ကျဆုံးသွားခဲ့ကြောင်း၊ ဒုတပ်ကြပ်
သူရနိုင်မှာ ဆီးခုံမှန်ပြီးတော့ တိုက်ပွဲ ကျသွားခဲ့ကြောင်း၊ တပ်သား ချစ်လွန်းမှာ
နားထင်ပွင့်ပြီး တိုက်ပွဲကျသွားခဲ့ကြောင်း၊ နောက်ထပ် ကိုမျိုးအောင်ကတော့
လည်ပင်းပေါက်ပြီး ကျသွားခဲ့ကြောင်း၊ ဗိုလ်ကြီးနေလင်းကျော်မှာ တစ်ကိုယ်လုံးမီး
အဆိုပါမိန်းခလေးငယ်အား နောက်ဆုံးမုဒိမ်းကျင့်ခဲ့သူခမရ (၂၀၅) မှ တပ်သားကိုကိုအောင်၊ ကိုယ်ပိုင်အမှတ်-တတ/၁၂၅၉၄၀ မှာလည်းရက္ခိုင့်တပ်တော်၏ ဖမ်းဆီးခံခဲ့ရပြီး ဖြစ်စဉ်ကို ယခုလို ဝန်ခံဖြောင့်ချက်ပေးထားသည်။
“ ကျနော်က တပ်သားကိုကိုအောင်
ကိုယ်ပိုင်အမှတ်-တတ/၁၂၅၉၄၀ ခမရ (၂၀၅)မှာ တာဝန် ထမ်းဆောင်ပါတယ်။ ၁လပိုင်း၁၆ရက်နေ့ ၂၀၂၄မှာ မင်းပြားကိုရောက်ပါတယ်။ရောက်ပြီ
၎င်းနောက်ပိုင်းမှာ အမျိုးသမီးငယ် တစ်ဦးနှင့် သူမ၏ မိခင်ဖြစ်သူအားတွေ့ရှိပြီး အမျိုးသမီးငယ်အား အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး မိခင်နှင့် ၎င်းမိန်းခလေးငယ်အား ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့သည်။
“ ရွာထဲမှာ အန်တီကြီးတစ်ယောက်နဲ့ကောင်မလေး
၎င်းနောက် အဆိုပါ မိန်းခလေးငယ်အား အပြင်ဆိုဆွဲထုတ်လာပြီး သတ်ဖြတ်ပစ်ခဲ့ပုံကိုလည်း ယခုလို ပြောကြားသည်။
“ ကောင်မလေးကိုဆွဲထုတ်ပြီး အပြင်ဖက်ကိုထားတဲ့အချိန်မှာ
ဆရာကြီးကျော်မျိုးဦးကနေပြီးတော့ အဲ့အန်တီကြီးကို ကျည်နှစ်ချက်
နဖူးကိုပစ်လိုက်ပါတယ်။ အဲ့ကောင်မလေးကို ဘယ်ဘက် ရင်ဖက်ကိုသေနတ်နဲ့ တစ်ချက်ပစ်လို
၎င်းနောက်ပိုင်း ၎င်းစစ်ကြောင်းသည် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မုဒိမ်းကျင့် သတ်ဖြတ်ရာတွင် ပါဝင်သူများမှာ အသေဆိုးဖြင့် သေဆုံးသွားခဲ့ကြသည်ဟု ပြောဆိုသည်။
“ စစ်တိုက်ဖို့ သွားတဲ့ချိန်
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် သီတင်းသုံးနေသည့် အရှင်ကုလသလက ယခုလို သုံးသပ်ပြောဆိုသည်။
“ အဓိကအားဖြင့် နိုင်ငံရေးဘက်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ရခိုင်လူမျိုးတွေအပေါ်မှာ သူတို့က ရက်စက်ပြတာပေါ့လေ။ မြန်မာစစ်တပ်ရဲ့ ဒီလိုမျိုးလုပ်ရပ်က လက်မခံနိုင်စရာ ရက်စက် ကြမ်းကြုတ်မှုတွေဖြစ်ပါတယ်။ တွေးကြည့်ရင်တော့ အသိပညာခေါင်းပါးလို့၊ ပညာ အမြော်အမြင် နည်းလို့ ခုလို မျိုးလုပ်ရဲတာပေါ့။ ဘာသာရေး တရားသဘောဘက်ကကြည့်ရင်တော့ ဒီလုပ်မျိုး မလုပ်သင့် မလုပ်ထိုက် လုပ်ရပ်မျိုးတွေကို ကျူးလွန်လို့ ချက်ချင်းဝဋ်လိုက်ပြီး အသေဆိုးနဲ့ သေသွားကြတယ်လို့ ပြောလို့ ရပါတယ်။ နေ့မကူးပါဘူး။ ချက်ချင်း ဝဋ်ကြွေးဆိုးကို ခံရတယ်လို့ မြင်ပါတယ်” ဟု ပြောဆိုသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်တွင် တိုက်ပွဲတိုင်းတွင် ရှုံးနေသဖြင့် အရပ်သားပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်းတင်းတင်း ကျူးလွန်နေပြီး တစ်ခြားတစ်ဖက်တွင်လည်း လူထုဆန့်ကျင်ရေးကို ပြုလုပ်နေသဖြင့်တိုက်ပွဲတိုင်းတွင် အရှုံးနှင့်သာ ရင်ဆိုင်နေကြရသည်ဟု သိရသည်။ ( NN-11)