- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
မာန်ယုကျော် (ရွှေဝမြေ)စစ်တွေ၊ ဖေဖော်ဝါရီ ၂ / ၂ဝ၂၁ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ယခင် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာအောင်ကျော်မင်း ခန့်အပ်ခံလိုက်ရသည်ဟု သိရသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများကို တိုင်းဒေသကြီး (၅)ခုနှင့် ပြည်နယ် (၇)ခုတို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က အသီးသီးခန့်အပ်ခဲ့သည်။ ယင်းသို့ခန့်အပ်ရာတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် ဒေါက်တာအောင်ကျော်မင်း ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ရခိုင်ပြည်နယ် တောင်ကုတ်ဇာတိဖြစ်သည့် ဒေါက်တာအောင်ကျော်မင်းသည် ယခင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။