တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

(၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ကချင်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများအား ညီနောင်မဟာမိတ် (၃)ဖွဲ့က ဦးညွှတ်အလေးပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.3k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆/၂၀၂၃

 

ဖေဖော်ဝါရီ ၅ ရက်တွင် ကျရောက်သည့် (၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ရက္ခိုင့်တပ်တော် (AA) အပါအဝင် ကိုးကန့် MNDAA နှင့် တအာင်း TNLA ညီနောင်မဟာမိတ်(၃) ဖွဲ့က ပေးပို့သော သဝဏ်လွှာတွင်  ကချင်တော်လှန်ရေးအတွက် ပေးဆပ်ခဲ့သူများအား ဦးညွှတ်အလေးပြု ကြောင်းဖော်ပြထားသည်။

 

ပေးပို့သည့် သဝဏ်လွှာထဲတွင်  ကချင်တော်လှန်ရေးအစမှ ယနေ့အထိ တော်လှန်ရေး လမ်းကြောင်း တစ်လျှောက်တွင် အသက်၊ ဘ၀၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော ကချင့်အာဇာနည်များ၊ သူရဲကောင်းအပေါင်းတို့အား ဦးညွှတ်အလေးပြုကြောင်း ဖော်ပြထားသည်။

 

၎င်းပြင် ကချင့်တော်လှန်ရေးအမြန်ဆုံး အောင်မြင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) မှ ချမှတ်ထားသော မူဝါဒများနှင့် ကချင်ပြည်သူ လူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသော မျှော်လင့်ချက်များ အမြန်ဆုံးပြည့်၀ပါစေကြောင်း မိိမတို့ ညီနောင်မဟာမိတ်(၃) ဖွဲ့က ဆုတောင်းပေးအပ်ပါကြောင်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ