ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA ဟုစွပ်စွဲဖမ်းဆီးခံထားရသူ ပလက်ဝမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်၏အမှုကို စွဲချက်တင်သင့်/မတင်သင့် ဆုံးဖြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.9k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၄/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူ ချင်းပြည်နယ်၊ ပလက်ဝ မြို့မှ အသက်မပြည့် လူငယ်၏ အမှုကိုတပ်ဖက်မှ အရာရှိ ၃ ဦးအား စစ်ဆေးပြီးပါက စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တော့မည်ဟု သိရသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ မောင်စိုးကျော်လင်း(၁၇)နှစ်အား စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့ အခြေစိုက် (၂၈၉) တပ်ရင်းမှနေ၍ သူ၏ ယောက်ဖဖြစ်သူ ကိုထွန်းလင်းကျော်(၂၉)နှစ်နှင့်အတူ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်ကာ အေအေတပ်ဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ပလက်ဝမြို့နယ်တရားရုံးတွင် အမှု ရင်ဆိုင်နေရသူဖြစ်ကြောင်း မောင်စိုးကျော်လင်း၏ အစ်မဖြစ်သူ မခင်ခင်သန်းက နိရဥ္စရာသတင်းဌာနသို့  ပြောသည်။

“မင်းအေအေမဟုတ်လား။ အေအေကလို့်ဖြေရင် ပြန်လွတ်ပေးမယ်လို့ပြောလို့ ကလေးက အရိုက်မခံနို်င်တော့ ဟုတ်ပါတယ်လို့ ဖြေခဲ့တဲ့အတွက် တပ်က ရဲလက်အပ်ခဲ့ပါတယ်။ အခု သူထုံနာကျင်နာဖြစ်လို့ မနေ့က ဆေးခန်း သွားပြရပါတယ်။ ပြန်လွှတ်ပေးစေချင်းတယ်။ ကလေးက ငယ်သေးတယ်။ ကိုထွန်းလင်းကျော်ကိ်ုလည်း သူနဲ့ အတူ ဖမ်းထားပါတယ်။ သူတို့ကဘာအေအေနဲ့မှ မဆက်စပ်ပါဘူးရှင်” ဟု သူမက ပြောသည်။

မောင်စိုးကျော်လင်းအား တပ်ဘက်မှ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ကာ ပလက်ဝမြို့တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်မှာ နောက်ဆုံးအနေဖြင့် တပ်မှ အရာရှိ ၃ ဦးကို လာမည့် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ဆေးသွားမည်ဟု ပလက်ဝမြို့မရဲစခန်းမှူး ဒုရဲမှူး ဦးဝေလွင်ကပြောသည်။

“ သူ့ကျန်းမာရေးက သူ့အမေစိုးရိမ်နေလို့ မနေ့က ဆေးခန်းသွားပြပေးခဲ့ပါတယ်။ ဆေးပေးလိုက်ပါတယ်။ အဲလောက်ကြီးမပြင်းထန်ပါဘူး။ အမှုကို တော်တော်များများက စစ်ပြီးပြီ။ သူ့ကို ဖမ်းတဲ့တပ်ကသုံးယောက်ကို စစ်ဆေးပြီးရင် စွဲချက်တင်သင့်မတင်သင့် ဆုံးဖြတ်တော့မှာပါ။ သူက ကျွန်တော်တို့ အချုပ်ခန်းထဲမှာ အငယ်ဆုံးပဲ။ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်” ဟုပြောသည်။

စစ်ဆေးရန်ကျန်နေသေးသူများမှာ ဗိုလ်ကြီးပြည့်စုံကိိုကို၊ တပ်ကြပ်ကြီး ဆန်းဦးမြင့်နှင့် တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးသက်နိုင်ဦး တို့ သုံးဦးကို နောက်ဆုံး စစ်ဆေးပြီးပါက စွဲချက်တင်မတင်ကို ဆုံးဖြတ်တော့မည်ဟု သူက ဆက်ပြောသည်။

မိသားစုဝင်များအနေဖြင့် မောင်စိုးကျော်လင်းအား အပြစ်မရှိသည့် လူငယ်တစ်ဦးဖြစ်သဖြင့် သက်ညှာ ပေးကြစေချင်သည်ဟု မေတ္တာရပ်ခံ ပြောဆိုလိုသည်ဟု ဆိုသည်။

ဆက်စပ် သတင်းများ