ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

AA အဖွဲ့ဝင်နှင့် ဆက်စပ်သူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူ ၁၁၄ ဦးတို့ကို အမှုပိတ်သိမ်းရန် ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10.6k

နိရဥ္စရာ၊ အောက်တိုဘာ ၁၅/ ၂၀၂၁
ရက္ခိုင့်တပ်တော် (AA) အဖွဲ့ဝင်နှင့် ဆက်စပ်၍ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူ ၁၁၄ ဦးတို့အား အမှုမှပိတ်သိမ်းရန် နစက ကောင်စီမှ ယနေ့ သတင်းထုတ်ပြန်သည်။
အမှုမှပိတ်သိမ်းခံရသည့် အဖွဲ့အစည်းများနှင့် အရေအတွက်မှာ AA မှ ၆၁ ဦး၊ KIA မှ ၂၃ ဦး၊ KNU/KNLA(PC) မှ ၁ ဦး၊ MNDA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦးနှင့် TNLA မှ ၁၁ ဦးတို့ ဖြစ်ကြသည်။
ယခုကဲ့သို့ အမှုပိတ်သိမ်းခြင်းမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် . တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ရှေးရှု၍ ဖြစ်ကြောင်း ဖော်ပြသည်။
အမှုမှပိတ်သိမ်းရန် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၁၉)အရဟု ပါရှိသည်။

ဆက်စပ် သတင်းများ