- Web Master
- ၂၅ မတ် ၂၀၂၄
အိမ်စိုးဖြူ မေးမြန်းသည်။
(၁၅-၁ဝ-၂ဝ၂ဝ)
မေး- အစ်မအနေနဲ့ လာမဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ဘယ်ပါတီ၊ ဘယ်မြို့နယ်က ကိုယ်စားပြုဝင်သွားဖို့ရှိပါလဲ။
ဖြေ- အစ်မအနေနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ သံတွဲမြို့အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
မေး- ရွေးကောက်ပွဲကို ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါလဲ။
ဖြေ-ရွေးကောက်ပွဲကိုဘာကြောင့် ဝင်ပြိုင်လဲဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူတွေရဲ့ အခွင့်အရေးကို တောင်းဆိုပေးဖို့။ ကျွန်မတို့ ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်တွေကို တောင်းဆိုပေးဖို့ ဝင်ရောက်ရခြင်း ဖြစ်ပါတယ်။
မေး- ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ရှိရင် ဘာတွေလုပ်သွားမလဲ။ဘာတွေကိုက လုပ်ပေးသွားပါမလဲ။
ဖြေ- ကျွန်မအနေနဲ့ ဘာတွေကို လုပ်ပေးသွားမယ်ဆိုတာထက် ကျွန်မက ပြည်သူတွေရဲ့လိုအပ်ချက်တွေကို အဓိက ဖော်ဆောင်ပေးသွားမှာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ညှိ့နှိုင်းဆွေးနွေးပြီးတော့မှ ကျွန်မက တင်ပြတောင်းဆိုပေးသွားဖို့ဖြစ်တယ်။
မေး- အစ်မတို့ မဲဆန္ဒနယ်က ပြည်သူတွေကို ဘာများပြောချင်ပါလဲ။
ဖြေ- မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်လဲဆိုတော့ ပြည်သူတွေအနေနဲ့ ကျွန်မကို မဲပေးလို့ရှိရင် စိတ်မပျက် စေရပါဘူး။ ယုံယုံကြည်ကြည်နဲ့သာ မဲပေးစေချင်ပါတယ်လို့။ ဒါမှပြည်သူတွေရဲ့လိုအပ်ချက်တွေကို ကျွန်မ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးလို့ ရမှာပါလို့။ ဒါကြောင့်မို့လို့ ယုံယုံကြည်ကြည် မဲပေးစေချင်တယ်လို့။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာရင် ဘာတွေလုပ်ပေးရမလဲဆိုတာ ပြည်သူတွေနဲ့ အမြဲတမ်း ညှိ့နှိုင်း ဆောင်ရွက် သွားမယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တောင်းဆိုသွားမယ်။ ဖြစ်တဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေကို ကျွန်မကို မဲပေးလိုက်လို့ စိတ်မပျက်စေရပါဘူးလို့။
(ပြီး)