- Web Master
- ၂၅ မတ် ၂၀၂၄
နိရဥ္စရာ၊ နိုဝင်ဘာ ၉/၂ဝ၂ဝ
ရခိုင်ပြည်နယ် သံတွဲခရိုင်မှ သံတွဲနှင့် ဂွမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အနိုင်ရရှိကြောင်း ရခိုင်ပြည်နယ် NLD ပြောခွင့်ရသူ ဦးစိုးဝင်း(ခ) ဦးစောလေးက အတည်ပြု ပြောကြားသည်။
“ ခုနှစ်နေရာနိုင်ပါတယ်။ သံတွဲနဲ့ ဂွ အမျိုးသား တစ်နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာ၊ ပြည်နယ် ၄ နေရာ အနိုင်ရရှိပါတယ်” ဟု ပြောကြားသည်။
အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များမှာ သံတွဲ-ဂွ အမျိုးသားလွှတ်တော် ဦးစိုးဝင်း(ခ) ဦးစိုးလေး၊ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်၊ ဂွမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော် ဦးညီပု၊ အမှတ် (၁) ပြည်နယ်လွှတ်တော် ဦးစိုးဝင်းတို့ အနိုင်ရရှိခဲ့သည်။
သံတွဲမြို့နယ်တွင် အနိုင်ရရှိသူများမှာ ပြည်သူ့လွှတ်တော်တွင် ဦးမင်းကြည်၊ ပြည်နယ်လွှတ်တော် အမှတ်(၁) ဦးနိုင်ကြွေအေး၊ ပြည်နယ်လွှတ်တော် အမှတ်(၂) ဦးဝေဇံဖြိုးအောင်တို့ ဖြစ်ကြောင်း ပြည်နယ် (၁) မှ အနိုင်ရရှိသူ ဦးနိုင်ကြွေအေးက ပြောကြားသည်။
ယခု ရွေးကောက်ပွဲတွင် ၂ဝ၁၅ ခုနှစ်က NLD အနိုင်ရရှိခဲ့သည့် တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တွင်မူ ရခိုင်အမျိုးသားပါတီ (ANP) က အနိုင်ရရှိသွားကြောင်း သိရှိရသည်။