- Web Master
- ၂၅ မတ် ၂၀၂၄
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၉/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နေရာနှင့် ရခိုင်အမျိုးသားပါတီ ( ANP) မှ တစ်နေရာ အနိုင်ရရှိသွားကြောင်း သိရသည်။
USDP မှ ပြည်သူ့လွှတ်တော်တွင် ဦးတင်အောင်အနိုင်ရရှိပြီး ပြည်နယ်လွှတ်တော်တွင် ဦးကျော်ကျော်နိုင်မှ အနိုင်ရရှိသွားသည်။
အမ်းမြို့မှ လူမှုရေး လှုပ်ရှားဆောင်ရွက်နေသူ ဦးမျိုးလွင်မှ ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမ်းမြို့နယ်တွင် အနိုင်ရသွားခဲ့သည်ဟု ပြောကြားသည်။
“ ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်မှာ ဦးတင်အောင်က နိုင်ပြီး ပြည်နယ်မှာတော့ ဦးကျော်ကျော်နိုင်က နိုင်ပါတယ်။ ဦးတင်အောင်ကတော့ ၂ဝ၁ဝ-၂ဝ၁၅ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး ဦးကျော်ကျော်နိုင်ကတော့ တပ်မတော် အငြိမ်းစားဖြစ်ပါတယ်” ဟု ပြောကြားသည်။
ANP မှ ဦးကျော်နိုင်ထူးမှာ အမ်းမြို့နယ်တွင် မဲ ၁၄ဝဝ ကျော်ဖြင့် မဲ ၆ဝဝဝ ကျော်ရရှိသူ USDP မှ ဦးသောင်းဝင်းကို ရှုံးနိမ့်ခဲ့သော်လည်း ရမ်းဗြဲမြို့နယ်မှ မဲနှင့်ပေါင်းကာ အနိုင်ရရှိသွားခြင်း ဖြစ်သည်ဟု သိရှိရသည်။
လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်း(တစ်သီးပုဂ္ဂလ) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲ ၂၂၄၄ ရရှိသဖြင့် ရှုံးနိမ့်သွားခဲ့သည်ဟု သိရသည်။
ချင်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဦးပုန်ဘွေ (NLD) ၉၄၁ မဲ၊ ဦးစောဝင်း (USDP) ၃၂၉ မဲ၊ ဆလိုင်းတင်ဦး(ခ) ဦးတင်ဦး (ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့) ၁၁၅၁ မဲ ၊ ဦးကိုကိုနိုင် (တစ်သီးပုဂ္ဂလ) - ၂၁၅ မဲ ၊ ဦးစောမြ (တစ်သီးပုဂ္ဂလ) - ၁၂၅ မဲ၊ ဦးထွန်းအောင်ကျော် (ချင်းတိုင်းရင်းသားပါတီ) - ၁၈၃ မဲ၊ ဦးမောင်မောင်ဝင်း (အရှိုချင်းအမျိုးသားပါတီ) - ၁၃၂ဝ မဲ နှင့် မိုင်စုစုလှိုင် (တစ်သီးပုဂ္ဂလ)- ၅၈ဝ မဲ ရရှိခဲ့သည်။