သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြား ရာမောင်တံတားပေါ်မှ ခုန်ချသွားသည့် မိန်းကလေးငယ်အလောင်းအား တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၅ /၂၀၂၂
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရာမောင်တံတားပေါ်မှ ခုန်ချသွားသည့် အသက် ၁၇ နှစ်အရွယ်အမျိုးသမီးငယ်၏ အလောင်းကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးငယ်၏အလောင်းအား ယနေ့ ဧပြီလ ၅ ရက် နံနက် ၆ နာရီကျော်က မင်းပြားမြို့နယ် သေကန်ရွာနှင့် အမ်းသားရွာကြားရှိ မြစ်တွင်တွေ့ရှိခဲ့သည်ဟု မင်းပြားနာရေးကူညီမှုအသင်းမှ စာရေးကြီး ဦးသာထွန်းအေးက နိရဥ္စရာကို ပြောသည်။
"အလောင်းပေါ်လာတဲ့အတွက် အနီးအနားက လူတွေ စတွေ့တာပါ။ တွေ့တာက ၆နာရီကျော်လောက်က။ ကျနော်တို့သွားကူတာ ၉ နာရီကပါ"ဟုပြောသည်။
သေဆုံးသွားသည့်မိန်းကလေးငယ်သည် မင်းပြားမြို့နယ် သင်္ဂဇာရွာနှင့် မြစ်နားစပ်ချောင်ရွာကြားရှိ သံရှင်ရဲစခန်းတွင်နေထိုင်သည့် မမီးငယ်(၁၇ နှစ်)ဖြစ်သည်။
သူမသည် ဧပြီ ၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ရာမောင်တံတားသစ်သို့ ဆိုင်ကယ်နှင့်လာပြီး ဆိုင်ကယ်ကို တံတားပေါ်ရပ်တန့်ကာ မြစ်ထဲသို့ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခုန်ချသွားသည့်အကြောင်းအရင်းနှင့် သူမ၏မိဘအမည်တို့ကို စုံစမ်းနေကြဆဲဖြစ်သည်ဟု မြို့ခံများနှင့် လူမှုအဖွဲ့အစည်းများက ပြောသည်။

ဆက်စပ် သတင်းများ