အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင်ယနေ့တစ်ရက်တည်းတွင် ကိုဗစ်ကြောင့်သေဆုံးသူ ၅ ဦးရှိပြီး ပိုးတွေ့သူ ၅၆၄ ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ ဧပြီ ၃ဝ/ ၂ဝ၂ဝ

မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံမှာ Covid- 19 ရောဂါ ကူးစက်မှု မြန်ဆန်နေပြီး ဒီကနေ့ ၂၄ နာရီ အတွင်း ကိုဗစ်ရောဂါခံစားနေရသူ ၅ ဦးသေဆုံးပြီး တစ်နေ့တည်းမှာ လူပေါင်း ၅၆၄ ဦးမှာ ထပ်မံ ပိုးတွေ့ရှိခဲ့တယ်လို့ ဘင်္ဂလာဒေရှ့် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး The Dailystar သတင်းစာက ဖော်ပြပါတယ်။

ဒီကနေ့ သေဆုံးသူ ၅ ဦးထဲမှာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဖြစ်ကြပြီး နှစ်ဦးကတော့ အသက် ၄ဝ နဲ့ ၅ဝ ကြားဖြစ်ပြီး ကျန်သုံးဦးကတော့ အသက် ၆ဝ အထက် ဖြစ်ကြပါတယ်။

မနေ့က သံသယ လူနာ ၄၉၆၅ ဦးကို ကျန်မာရေးဌာန ၂၉ နေရာမှာ စမ်းသပ်စစ်ဆေးရာမှာ လူပေါင်း ၅၆၄ ဦးမှာ ထပ်မံ ပိုးတွေ့ခဲ့တဲ့ အတွက် တစ်နိုင်ငံလုံးမှာ ရောဂါ ရရှိနေသူဟာ ၇၆၆၇ ဦးထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

သေဆုံးသူ အရေအတွက်က ဒီကနေ့ ဧပြီလ ၃ဝ ရက်နေ့မှာ ၅ ဦး ထပ်မံသေဆုံးခဲ့တဲ့ အတွက် ဘင်္ဂလာ တစ်နိုင်ငံလုံးမှာ ကိုဗစ်ကြောင့် သေဆုံးသူဟာ ၁၆၈ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။ ပြန်လည် ကောင်းမွန်လာသူကတော့ ၁၆ဝ ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်နဲ့ ကပ်ရပ်တည်ရှိတဲ့ ကော့စ်ဘဇားခရိုင်မှာတော့ ဒီကနေ့ သံသယ လူနာ ၁၂ဝ ကို စစ်ဆေးရာမှာ ၁၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ ဘင်္ဂလီဘာသာနဲ့ ထုတ်ဝေတဲ့ Ukhiyanews မှာ ဖော်ပြထားပါတယ်။

တွေ့ရှိသူ ၁၇ ဦးထဲမှာ ကော့စ်ဘဇားမြို့ပေါ်မှာ ၅ ဦး၊ နတ်ချောင်းဆရီမှာ ၃ ဦး၊ အိုကီးယားမှာ ၂ ဦး၊ စော်ကရိယာမှာ ၄ ဦး၊ ဖေပူဝါရ်မှာ ၂ ဦးနဲ့ ဘင်ဒရိုဘင်မှာ တစ်ဦးဖြစ်လို့ ဆိုပါတယ်။

ကော့စ်ဘဇားခရိုင်တစ်ခုတည်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူဟာ ၃၇ ဦး ရှိနေပြီ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

-----------------

Unicode:


နိရဉ်စရာ၊ ဧပွီ ၃ဝ/ ၂ဝ၂ဝ









ဆက်စပ် သတင်းများ