သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အာဖဂန်နစ္စတန်နိုင်ငံတွင် ၂ ပတ်အတွင်း အသေခံဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်ပွား၍ လူပေါင်း ၁၀၀ ကျော်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 509

အောက်တိုဘာ ၁၇ (နိုင်ငံတကာ)  

 

အာဖဂန်နစ္စတန်နိုင်ငံတွင်   ပတ်အတွင်း အသေခံဗုံးဖောက်ခွဲ တိုက်ခိုက် မှု ကြိမ်ဖြစ်ပွားခဲ့ပြီး  အဆိုပါတိုက်ခိုက်မှု အတွင်း  လူပေါင်း ၁၀၀ ကျော်သေဆုံးကာ ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း သတင်းရရှိသည်။  

 

အောက်တိုဘာ ၁၆ ရက် သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာ ရှိ ဗလီတစ်ခု အတွင်း အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၄၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ မှာ ၉၀ ဦးအထိ ကြောင်း ဒေသအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့သည်။


ပေါက်ကွဲမှုများသည် Shiite မွတ်စလင်ဗလီ အဆောက်အဦအတွင်း၌ သောကြာနေ့ က ဝတ်ပြုဆုတောင်းသူ ရာနှင့်ချီ ဝတ်ပြုဆုတောင်းနေသည့် နေ့လည်ပိုင်းအချိန် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။


အစ္စလာမ်မစ်စစ်သွေးကြွ IS အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက် တစ်ခုတွင် ဖော်ပြထားသည်ဟု သတင်းများက ဆိုသည်။


အဆိုပါထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမား နှစ်ဦးလည်းပါဝင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

အောက်တိုဘာ ရက် သောကြာနေ့ကလည်း အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒက်ဇ်မြို့ရှိ ရှီယိုက် ဗလီတစ်ခုအတွင်း ဘုရားဝတ်ပြုနေချိန်  အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သည့် အတွက်  လူပေါင်း  (၅၅) ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

 

ယခုသေဆုံးမှုများမှာ  အမေရိကန် တပ်များ အာဖဂန်နိစ္စတန်  နိုင်ငံအတွင်း ထွက်ခွာပြီးနောက် အသေအပျောက် အများဆုံးဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်သည်ဟု သိရသည်။

 

ယခုဖြစ်ရပ်များမှာ အာဖဂန် နစ္စတန်အား  လက်ရှိ သိမ်းပိုက်ထားသော တာလီဘန်များနှင့် အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ IS  တို့ အကြား တင်းမာမှုများ  တစ်နေ့ထက် တစ်နေ့  တိုးပွားလာနေသည်ကို ဖော်ပြခြင်း ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

 

ဆွန်နီလူများစု နေထိုင်သည့် အာဖဂန်နစ္စတန်နိုင်ငံတွင်  ဂိုဏ်းဂဏကွဲ အကြမ်းဖက် တိုက်ခိုက်မှုများ အတွင်း အိုင်အက်စ်များသည် လူနည်းစု  ရှီယိုက်မွတ်စလင်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်လျက် ရှိနေသည်ဟု သတင်းများတွင် ဖော်ပြသည်။

 

တိုက်ခိုက်သူများသည် ရှီယိုက်နှင့် ဆွန်နီ မူဆလင်များ အကြား ပြဿနာများ ဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်နေသည်ဟု  ကန်ဒက်ဇ်ပြည်နယ် တာလီဘန်လုံခြုံရေးအကြီးအကဲ မူလာဝီ မူဟာမတ်က ပြောကြားသည်။  

 

(ကိုးကား ဆင်ဟွာ)

ဆက်စပ် သတင်းများ