ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

မြေးထိန်းရန် ထိုင်းသို့ ပြန်လာမည်ဟု ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 562

ဖွေ့ထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းခံရသည့် သမီးဖြစ်သူ ပေတုန်တန်က သားယောကျ်ားမွေးဖွား

 

နိရဉ္စရာ၊ မေ ၁/၂၀၂၃ (နိုင်ငံတကာ)

 

ပြည်ပတွင် တိမ်းရှောင်နေထိုင်ရသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါက သူ့အတွက် နှစ်ယောက်မြောက်မြေး  ရရှိလာပြီးနောက် မြေးထိန်းရန် ထိုင်းနိုင်ငံသို့ မကြာမီပြန်လာမည် ဖြစ်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားလိုက်သည်။

 

လာမည့်ရွေးကောက်ပွဲတွင် ဖွေ့ထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် သမီးဖြစ်သူ ပေတုန်တန် ရှင်နာဝါက သားတစ်ဦး မွေးဖွားပြီး မကြာမီ ပြည်ပရောက်နေသော သက်ဆင်က အလွန်ဝမ်းမြောက်ကြောင်းနှင့် အသက်(၇၄)နှစ်အရွယ်တွင် မြေးထိန်းရန် ထိုင်းနိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း သူ၏တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ခြင်းဖြစ်သည်။

 

 ဒီနှစ် ဇူလိုင်မှာ ကျွန်တော် အသက်(၇၄)နှစ် ပြည့်ပါပြီ။ ဒီအချိန်မှာ မြေးထိန်းဖို့ ကျွန်တော် ပြန်လာခွင့်တောင်းချင်ပါတယ်

 

သက်ဆင်၏ သမီးဖြစ်သူ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်လောင်း ပေတုန်တန် ရှင်နာဝါထရာက မွေးဖွားသော သား၏ အမည်ကို သာဆင်ဟု ချစ်စနိုးအမည်ပေးထားသည်။

 

ပေတုန်တန်ရှင်နာဝါက မိမိအား စိတ်ဓါတ်ဖြင့် အားပေးထောက်ခံကြသူများကို ကျေးဇူးတင်ကြောင်း၊ မီးဖွားပြီး ကျန်းမာလာလျှင် သတင်းမီဒီယာများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထိုင်း ဗဟိုတရားရုံးသည် ၂၀၀၈ ခုနှစ် အောက်တိုဘာလ(၂၁)ရက်က သက်ဆင်အား အမျိုးသား တန်ပြန် အကျင့်ပျက်ခြစားမှု ဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့သည်။

 

ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေစဉ် သက်ဆင်သည် ဇနီးသည်၏ အမည်ဖြင့် မြေအရောင်းအဝယ် ပြုလုပ်ခဲ့မှုတွင် အာဏာအလွဲသုံးစားပြုလုပ်ခဲ့သည်။ တရားရုံးက ပြစ်ဒဏ်စီရင်ခြင်းမပြုမီ ၂၀၀၈ ခုနှစ်တွင် သက်ဆင်သည် ပြည်ပသို့ တိမ်းရှောင်သွားခဲ့သည်။

 

 ၂၀၁၀ တွင် သူ့အားထောက်ခံသည့် ရှပ်နီဆန္ဒပြသမားများအား သေနတ်တစ်ချက်ပစ်ဖောက်လျှင် ဆန္ဒပြသူများနှင့် သူကိုယ်တိုင် ပူးပေါင်းပါဝင်မည်ဟု ပြောကြားခဲ့သည်။

 

NN_ 27 ref: Bangkok Post

ဆက်စပ် သတင်းများ