တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

အင်အားပြင်းမုန်တိုင်း အိန္ဒိယနှင့်ပါကစ္စတန်ကမ်းခြေကို ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်၍ မုန်တိုင်းမလာမီ လူပေါင်းတစ်သိန်းကို အရေးပေါ် နေရာရွှေ့ပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 641

နိရဉ္စရာ၊ ဇွန် ၁၅/၂၀၂၃ (နိုင်ငံတကာ)

 

အင်အားအလွန်ပြင်းထန်သည့် ဘိုင်ပါဂျွိုင်း မုန်တိုင်းသည် ဇွန်လ ၁၅ရက်၊ ကြာသပတေးနေ့ ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် မန်ဒဗီ မှ ပါကစ္စတန်နိုင်ငံ ကရာချိအထိ မိုင် ၂၀၀ခန့် ကျယ်ဝန်းသည့် ပင်လယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားရာ ထိုဒေသ မြေနိမ့်ပိုင်းတွင် နေထိုင်သူ လူပေါင်း ၁၀၀၀၀၀ ခန့်ကို နေရာ ရွှေ့ပြောင်းပေးပြီးဖြစ်သည်ဟု အိန္ဒိယအစိုးရက ကြေညာသည်။

 

ဘင်ဂါလီဘာသာဖြင့် ဘိုင်ပါဂျိုင်း ဟု ခေါ်တွင်ပြီး ဘေးအန္တရာယ်ဟု အဓိပ္ပါယ်ရသည့် ဆိုင်ကလုန်းမုန်တိုင်းသည် အာရေးဗီယားပင်လယ်ပြင်တွင် ရောက်ရှိနေပြီး ကြာသပတေးနေ့ ညနေတွင် ကမ်းခြေကို ဖြတ်ကျော်မည်ဟု သိရသည်။

 

ကမ်းခြေဖြတ်ကျော်စဉ် လေပြင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းမိုးခြင်းများ အကြီးအကျယ်ဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

 

အိန္ဒိယမိုးလေဝသဌာနက မုန်တိုင်းသည် ဂျာခေါဆိပ်ကမ်းအနီး ဖြတ်ကျော်မည်ဟု သတိပေးထားပြီး ရွှံ့နှင့်ကောက်ရိုးဖြင့် ဆောက်ထားသော ရိုးရာအိမ်များအားလုံးဖျက်ဆီးခံရမည်ဟု ဆိုသည်။

 

ဂျာခေါဆိပ်ကမ်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် လှေကြီး ၃၀ ကမ်းပေါ်သို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ကမ်းခြေသို့ မုန်တိုင်းဝင်ရောက်စဉ် လေတိုက်နှုန်း တစ်နာရီ ၁၂၅ မိုင်အထိ ရှိနိုင်သည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်။

 

NN-27

ref: the daily star/ Photo by AFP

ဆက်စပ် သတင်းများ