တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် အာဖရိကခေါင်းဆောင်များ ယူကရိန်းသို့ ရောက်ရှိလာစဉ် ရုရှား​၏ ဒရုန်းနှင့် ဒုံးကျည်များ ကိယက်ဗ်မြို့တွင်ကျရောက်ပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 568

ငြိမ်းချမ်းရေးခရီးစဉ်အဖြစ် အာဖရိက ခေါင်းဆောင်များ ယူကရိန်းနိုင်ငံသို့ ရောက်ရှိလာစဉ် ရုရှားက ပစ်လွှတ်လိုက်သော ဒုံးကျည်များ နှင့် ဒရုန်းများ ကိယက်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးက ယခုဒုံးကျည်များသည် "အာဖရိကသို့ ရုရှားက ပေးပို့လိုက်သည့် သတင်းစကား" message to Africa ဟုပြောကြားလိုက်ပြီး ပူတင်သည် စစ်ပွဲကိုသာ လိုလားသူဖြစ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

 

တောင်အာဖရိက၊ အီဂျစ်အပါအဝင် အာဖရိက ခုနစ်နိုင်ငံမှ ခေါင်းဆောင်များသည်ယူကရိန်းသမ္မတနှင့် တွေ့ဆုံဆွေးနွေးပြီးလျှင် မနက်ဖြန်၌ ရုရှားသို့ ခရီးဆက်မည်ဟုဆိုသည်။

 

ခုနစ်နိုင်ငံခေါင်းဆောင်းအဖွဲ့သည် အပစ်အခတ်ရပ်စဲရေး နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် ဇီလန်းစကီး နှင့် ပူတင်တို့အား စေ့စပ်ညှိနှိုင်းပေးရန် သဘောတူထားကြသည်။

 

သို့သော် ယခုကဲ့သို့ ငြိမ်းချမ်းရေးကြိုးပမ်းမှု အကောင်အထည်ဖော်ရန် ကြိုးစားနေချိန်မှာပင် ယူကရိန်းက တန်ပြန်ထိုးစစ် စတင်နေပြီး တိုက်ပွဲများ ပြင်းထန်လာနေသည်။

 

ထိုအတောအတွင်း ဘီဘီစီ​၏ စုံစမ်းတွေ့ရှိချက်အရ ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သည် ၂၅၀၀၀ ကျဆုံးခဲ့ပြီးဟု သိရှိရသည်။

 

ထိုအရေအတွက်မှာ မော်စကိုကထုတ်ပြန်သော ကျဆုံးအရေအတွက်ထက် လေးဆ ပိုများသည်။

နေတိုးကာကွယ်ရေးဝန်ကြီးများသည် ဘရပ်ဆဲလ်တွင် ယနေ့အစည်းအဝေးကျင်းပပြုလုပ်နေသည်။

 

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင်လည်း နိုင်ငံတကာစီးပွားရေးဖိုရမ် ကျင်းပနေပြီး သမ္မတပူတင် တက်ရောက် အဖွင့်မိန့်ခွန်းပြောကြားမည်ဟု သိရှိရသည်။

 

NN-27

ref:BBCWorld

ဆက်စပ် သတင်းများ