တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးပွဲသို့ အာဆီယံနိုင်ငံ အများစု မတက်ရောက်ဘဲ ငြင်းပယ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 462

ထိုင်းအိမ်စောင့်အစိုးရက ဦးဆောက်ပြီး ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲသို့ ဖိတ်ကြားခံထားရသည့် အာဆီယံနိုင်ငံအများစု မတက်ရောက်ဘဲ ငြင်းပယ်ခဲ့သည်ဟု သိရသည်။


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည့်
အဆိုပါအလွတ်သဘောအစည်းအဝေးကို မူလက ဇွန် ၁၈ ရက် တနင်္ဂနွေနေ့တွင် ကျင်းပရန် ဖြစ်သော်လည်း အာဆီယံနိုင်ငံအများစုက ငြင်းဆိုခဲ့သည့်အတွက် ဇွန်လ(၁၉)ရက် တနင်္လာနေ့သို့ ပြောင်းရွှေ့ကျင်းပခဲ့ရသည်ဟုဆိုသည်။

 

ထိုင်းနိုင်ငံသည် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့မျိုးစုံ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထွက်ပေါက်ပိတ်နေသောမြန်မာ စစ်ဗိုလ်ချုပ်များနှင့် ပြန်လည်စေ့စပ်ရန် တွန်းအားပေး ကြိုးပမ်းလျှက်ရှိနေသည်။

 

အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ရန် ပျက်ကွက်နေသော မြန်မာစစ်ကောင်စီအား ခေါင်း​ဆောင်အဆင့်အာဆီယံ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ထားခဲ့သည်။

 

ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် လေးရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထံသို့ ဖိတ်စာတစ်စောင် ပေးပို့ခဲ့ပြီး ဘန်ကောက်မြို့တွင် ယခုတနင်္ဂနွေနေ့၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖော်ပြထားသည်။

 

ရိုက်တာသတင်းဌာနက ဖတ်ရှုခဲ့ရသည့် ဖိတ်စာပါ ဖော်ပြချက်အရ ယခင်အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အဆိုပြုခဲ့သည့် ယခုအချိန်မှာ အာဆီယံအနေနှင့် မြန်မာနိုင်ငံအား ခေါင်းဆောင်အဆင့် ပြန်လည်ထိတွေ့ရန် အချိန်ကျရောက်နေပြီဆိုသော အချက်ကို ကိုးကားထားသည်ကို တွေ့ရသည်။

 

အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မည်ဟု သိရသည်။

 

တနင်္ဂနွေနေ့ နှောင်းပိုင်းအချိန်က ထိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အစည်းအဝေးကို တနင်္လာနေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အာဆီယံပုံမှန်အစည်းအဝေး မဟုတ်ဘဲ မြန်မာနိုင်ငံ၌ အကြမ်းဖက်မှု ပြီးဆုံးသွားရန် အာဆီယံ၏ ကြိုးပမ်းမှုကို အထောက်အကူပြုရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ထုတ်ပြန်ချက်အရ အဆိုပါအစည်းအဝေးသို့ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဘရူနိုင်း နှင့် ဗီယက်နမ် နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု မျှော်လင့်ရပြီး အမှန်တကယ် တက်ရောက်၊မတက်ရောက် မသိရသေးဟုဆိုသည်။

 

အလားတူ အစည်းအဝေးကျင်းပရက် နောက်ဆုတ်ရလိုက်သည့်အကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရှင်းလင်းဖော်ပြမထားပေ။

 

မြန်မာစစ်ဗိုလ်ချုပ်များသည် အတိုက်အခံများနှင့် တွေ့ဆုံညှိနှိုင်းရန် ၄င်းတို့ကိုယ်တိုင် သဘောတူထားသည့ အချက်ကို လိုက်နာခြင်းမရှိသည့်အတွက် အာဆီယံခေါင်းဆောင်အဆင့် အစည်းအဝေးများမှ ချန်လှပ်ထားခြင်း ခံနေရသည်မှာ နှစ် နှစ်နီးပါး ရှိနေပြီဖြစ်သည်။

 

NN- 27

 ref: Reuters/ CAN

 

ပုံစာ - ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း

ဆက်စပ် သတင်းများ