တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောပျက်အား ကြည့်ရှုရန် ရေအောက်လေ့လာရေးခရီးအဖြစ် သွားရောက်သည့် ရေငုပ်သင်္ဘောငယ် လူ ၅ ဦးနှင့်အတူ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် နစ်မြုပ်နေသော ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောပျက်အား ကြည့်ရှုရန် ရေအောက် လေ့လာရေး ခရီးအဖြစ် သွားရောက်ခဲ့သည့် အမေရိကန် Ocean Gate Expedition ကုမ္ပဏီပိုင် ရေငုပ်သင်္ဘောငယ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့နေက အဆက်အသွယ် ပြတ်ပြီး လူ၅ ဦးနှင့် အတူ ပျောက်ဆုံးလျှက်ရှိသည်။


တိုင်တန်အမည်ရှိ လေ့လာရေး ရေငုပ်သင်္ဘောပေါ်တွင် သင်္ဘောမောင်းနှင်သူ
တစ်ဦးနှင့် ခရီးသည် လေးဦး လိုက်ပါသွားခဲ့သည်။

 

အဆိုပါရေငုပ်သင်္ဘောသည် ရေထဲဆင်းသွားပြီး တစ်နာရီ လေ့ဆယ့်ငါးမိနစ်အကြာတွင် ရေပြင်ပေါ်ရှိ သုတေသနသင်္ဘော ပိုလာပရင့်စ် နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

 

ယခုချိန်ထိ မြောက်အတ္တလန္တိတ်သမုဒ္ဒရာပြင်တွင် အမေရိကန် နှင့် ကနေဒါ နိုင်ငံ လေယာဉ်နှင့် သင်္ဘောများက ကယ်ဆယ်ရှာဖွေရေး အပူတပြင်း လုပ်ဆောင်နေဆဲဖြစ်ပြီး မတွေ့ရှိရသေးဟု သိရသည်။

 

အမေရိကန် ကမ်းခြေစောင့်တပ်က ရေငုပ်သင်္ဘောပေါ်တွင် နာရီ ၇၀ မှ ၉၆ နာရီစာအထိ အရေးပေါ် အောက်စီဂျင် ရှိနေသည်ဟု ခန့်မှန်းထားသည်။

 

ရေငုပ်သင်္ဘောပေါ်တွင် ပါကစ္စတန်စီးပွားရေးလုပ်ငန်းရှင် ရှာဇဒါ ဒါဝုဒ် နှင့် သူ​၏သား ဆူလေမန် သားအဖနှစ်ဦး၊ ဗြိတိသျှစီးပွားရေးလုပ်ငန်းရှင်နှင့် စူးစမ်းလေ့လာသူ ဟာမစ် ဟားဒင်း၊ Ocean Gate စီအီးအို စတော့တန် ရပ်ရှ် နှင့် ပြင်သစ်စူးစမ်းရှာဖွေသူ ပေါလ်ဟင်နရီ တို့ လိုက်ပါသွားသည်ဟု သိရသည်။

 

တိုက်တန်းနစ် သင်္ဘောပျက် တည်ရှိသော နေရာမှာ ကနေဒါနိုင်ငံ၊ နယူဖောင်လန်ကမ်းလွန်မှ ကီလီုတာ ၆၀၀( ၃၇၀မိုင်) ကွာဝေးသော မြောက်အတ္တလန္တိတ် သမုဒ္ဒရာဖြစ်သည်။



Ocean Gate Expedition ကုမ္ပဏီသည် ရေအောက်တွင်နစ်မြုပ်နေသည့် တိုက်တန်းနစ်သင်္ဘောပျက်ကို ကြည့်ရှုလိုသူများအား တစ်ဦးလျှင် ဒေါ်လာ ၂၅၀၀၀ နှုန်းဖြင့် ရှစ်ရက်ကြာ ရေငုပ်သင်္ဘောခရီးကို စီစဉ်ပေးပေးပြီး ပွဲဦးထွက် လေ့လာရေးခရီးစဉ်အဖြစ်၂၀၂၁ခုနှစ်က စတင်ခဲ့သည်။

 

တိုက်တန်းနစ် သင်္ဘောသည် နယူးဖောင်လန်မှ မိုင် ၃၇၀ အကွာ ရေအောက်တွင် ဦးပိုင်းနှင့် ပဲ့ပိုင်း ပေ ၂၆၀၀ ကွာခြားပြီး ထက်ပိုင်းကျိုး လဲလျောင်းတည်ရှိနေသည်။

 

NN- 27

 ref: Reuters/cna

ဆက်စပ် သတင်းများ