တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကန်ဒေါ်လာ ၄ ဒဿမ ၈ ဘီလီယံတန်ဖိုးရှိ နျူးကလီးယား ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် တရုတ်နှင့်ပါကစ္စတန် သဘောတူစာချုပ် ချုပ်ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 556

ပါကစ္စတန် နှင့် တရုတ်နိုင်ငံတို့သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဒေါ်လာ ၄ဒဿမ ၈ ဘီလီယံ တန်ဖိုးရှိသည့် နျူးကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် ဇွန်လ၂၀ရက်က သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် ရှဘက်ဇ် ရှရစ်ဖ် က ပြောကြားလိုက်သည်။


၎င်းနျူးကလီးယားဓါတ်အားပေးစက်ရုံ
မှ လျှပ်စစ်ဓါတ်အားမီဂါဝပ် ၁၂၀၀ ထုတ်လုပ်နိုင်မည်ဟုဆိုသည်။

 

Chashma 5 နျူးကလီးယား ဓါတ်အားပေးစက်ရုံစီမံကိန်းကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ရှရစ်က နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးအပြီး နိုင်ငံပိုင် PTV ရုပ်သံတွင် ပြောကြားခဲ့သည်။

 

ဓါတ်အားပေးစက်ရုံတည်ဆောက်ရန် တရုတ်အမျိုးသား နျူးကလီးယား ကော်ပိုရေးရှင်း (CNNC)နှင့် ပါကစ္စတန်အနုမြူစွမ်းအင် ကော်မရှင်တို့ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

 

 ဒေါ်လာ ၄ ဒဿမ ၈ ဘီလီယံ ဖိုး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ပါကစ္စတန်ဟာ တရုတ် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြနေတယ်ဟု ရှရစ်က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နှစ် နှစ်က ဆဌမမြောက် နျူးကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်အပြီးတွင် ပါကစ္စတန်၏ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုမှာ မီဂါဝပ် ၁၄၀၀ အထိ ရှိလာခဲ့သည်။

 

ကရာချရှိ ၁၁၀၀ မီဂါဝပ်ထုတ်နိုင်သည့် နျူးကလီးယားဓါတ်အားပေးစက်ရုံကိုလည်း တရုတ် အကူအညီဖြင့် တည်ဆောက်ခဲ့သည်။

 

NN-27

Ref:CAN

ဆက်စပ် သတင်းများ