တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရုရှား ဝက်ဂနာ ကြေးစားတပ်ဖွဲ့က သမ္မတ ပူတင်ကို ပုန်ကန်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 872

(ရုရှားထိပ်တန်းစစ်ဘက်ခေါင်းဆောင်များကို ဖယ်ရှားပစ်မည်ဟုဆို။ ပူတင်က ဝက်ဂ်နာခေါင်းဆောင် ပရီဂိုဇင်ကို ပုန်ကန်ရန်လှုံ့ဆော်မှုဖြင့် ဖမ်းဆီးရန်ပြင်ဆင်)

ယူကရိန်းစစ်မျက်နှာတွင် တိုက်ပွဲဝင်နေသော ရုရှားဝက်ဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က မော်စကိုရှိ စစ်ခေါင်းဆောင်များကို ဖယ်ရှားပစ်ရမည်ဟု ပြောဆိုလိုက်ပြီး ၎င်း​၏ တပ်ဖွဲ့များသည် ယူကရိန်းနယ်စပ်ကို ဖြတ်ကျော်၍ ရုရှားနိုင်ငံ ရော့စတော့ အွန် ဒွန် မြို့သို့ ချီတက်နေပြီဟု ပရီဂိုဇင်က ပြောကြားလိုက်သည်။

​ဝက်ဂနာခေါင်းဆောင် ပရီဂိုဇင်က ထိုသို့ပြောကြားလိုက်စဉ် ရုရှားသမ္မတပူတင်က ၎င်းအား ပုန်ကန်ရန် လှုံ့ဆော်မှုဖြင့် ဖမ်းဆီးရန် အမိန့်ပေးလိုက်ပြီး မော်စကိုမြို့တွင် လုံခြုံရေးပိုမိုတင်းကြပ်ထားလိုက်သည်။

 

သေကြာနေ့ညက မော်စကိုမြို့လမ်းများပေါ်တွင် စစ်မော်တော်ယာဉ်များကို မြင်တွေ့ရပြီး အင်တာနက်လိုင်းများကိုလည်း ကန့်သတ်ထားလိုက်သည်။

 

စနေနေ့မနက်ပိုင်းက ထွက်ပေါ်လာသော ဗီဒီယိုဖိုင်တစ်ခုတွင် ဝက်ဂနာတပ်ဖွဲ့များ ရော့စတော့မြို့ထဲသို့ ဝင်လာသည်ကို မြင်တွေ့ရသည်။ အခြားရုပ်သံဗီဒီယိုတစ်ခုတွင် ယူနီဖောင်းဝတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်များက အစိုးရအဆောက်အဦးတစ်ခုကို ဝန်းရံထားပြီး တင့်ကားနှစ်စီးက အဆိုပ အဆောက်အဦးကို အမြောက်ဖြင့် ချိန်ရွယ်ထားသည်။

 

ယူကရိန်းနယ်စပ်အနီးရှိ ရော့စတော့မြို့လူများကို အပြင်မထွက်ဘဲ အိမ်ထဲနေကြရန် အမိန့်ပေးထားသည်။

 

ဝက်ဂနာခေါင်းဆောင် ပရစ်ဂိုဇင်က ရုရှစစ်တပ်သည် ယူကရိန်းတွင် တိုက်ပွဲဝင်နေသော ၎င်း​၏ တပ်ဖွဲ့များအား ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရုရှားစစ်ဘက်ရဟတ်ယာဉ်တစ်စီးက အရပ်သားယာဉ်တန်းတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

 

ဝက်ဂနာ အဖွဲ့သည် ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်နှင့်အတူ ရုရှားဘက်က ပါဝင်ပြီး တိုက်ပွဲ ဝင်ပေးနေသော ကြေးစားတပ်ဖွဲ့တစ်ခုဖြစ်သည်။

 

လွန်ခဲ့သည့်လများအတွင်း ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ပရီဂိုဇင် နှင့် ရုရှားစစ်တပ်အကြား စစ်ဆင်ရေးနှင့်ပတ်သက်ပြီး မကျေလည်မှုများတိုးပွားလာခဲ့သလို ပရီဂိုဇင်က ရုရှား စစ်ခေါင်းဆောင်များအား အတိအလင်း ဝေဖန်မှုများပြုလုပ်လာခဲ့သည်။

 

ပြီးခဲ့သည့် သောကြာနေ့က ရုရှားတပ်များသည် ၎င်း​၏ တပ်ဖွဲ့အားဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ပရီဂိုဇင်က ပြောကြားခဲ့ပြီး လက်တုန့်ပြန်သွားမည်ဟု ကြိမ်းဝါးခဲ့သည်။

 

ရုရှက ပစ်ခတ်မှုကို ငြင်းဆန်ထားပြီး ဥပဒေမဲ့လုပ်ဆောင်ချက်များကို ရပ်တန့်ရန် သတိပေးထားသည်။

 

 NN-27

 Ref:BBCWorld

ဆက်စပ် သတင်းများ