တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ရုရှားတိုက်လေယာဉ်များက အမေရိကန်ဒရုန်းများကို ဆီးရီးယားကောင်းကင်တွင် ၂၄ နာရီအတွင်း ဒုတိယအကြိမ် လိုက်လံနှောင့်ယှက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 554

ရုရှားဂျက်တိုက်လေယာဉ်များသည် ဆီးရီးယားကောင်ကင်တွင် အမေရိကန် ဒရုန်းများအနီးသို့ ၂၄ နာရီအတွင်း ဒုတိယအကြိမ်အန္တရာယ်ရှိစွာ ချဉ်းကပ်ပျံသန်းပြီး နှောင့်ယှက်ခဲ့သည်ဟု အမေရိကန် စစ်ဘက်က ပြောဆိုသည်။


အမေရိကန် ဗဟိုစစ်ဌာနချုပ် လေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် ဂရင်းကီဝစ်၏
ပြောကြားချက်အရ ယခုဖြစ်ရပ်သည် ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၉:၃၀ နာရီတွင် ဆီးရီးယား အနောက်မြောက်ဘက်ကောင်းကင်တွက် ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရသည်။

 

 ရုရှားလေယာဉ်တွေဟာ ဒရုန်းတွေရှေ့က ဖြတ်ပျံပြီး မီးတောက်တွေ ပစ်ချခဲ့သလို အနီးကပ် ပျံသန်းခဲ့လို့ အနားတစ်ဝိုက်က လေယာဉ်တွေအတွက်ပါ အန္တရာယ်ဖြစ်စေခဲ့တယ်ဟု ဂရင်းကီဝစ် က ဆိုသည်။

 

 အမေရိကန် ဗဟိုစစ်ဌာနချုပ် လေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မိုက်ကယ်အင်ဒရူးက ရုရှား SU-34 နဲ့ SU-35 ဂျက်တိုက်လေယာဉ်များသည် အမေရိကန် ဒရုန်း MQ-9 အနီးသို့ ချဉ်းကပ်ပြီး မီးတောက်များ တည့်တည့်ပစ်ချကာ နှောက်ယှက်ခဲ့သည်ဟု ဆိုသည်။

 

 ဒီလုပ်ရပ်ကို ကြည့်ရင် အမြန်ဖြတ်ပျံသွားတာမျိုးမဟုတ်ဘဲ တမင်သက်သက် ကျင့်ဝတ်နဲ့မညီ နှောက်ယှက်တာဖြစ်တယ်ဟု မိုက်ကယ်အက်ဒရူးက ဆိုသည်။ အဆိုပါဖြစ်ရပ်မတိုင်မီကလည်း ရုရှားတိုက်လေယာဉ်များသည် အမေရိကန်ဒရုန်းများအနီး ချဉ်းကပ်ပြီး လိုက်လံ နှောက်ယှက်မှု ပြုခဲ့သည်ဟု ဆိုသည်။

 

အမေရိကန် ဗဟိုစစ်ဌာနချုပ်သည် ဗုဒ္ဓဟူး နှင့် ကြာသပတေးနေ့ ဖြစ်ဉ်နှစ်ခုနှင့် ပတ်သက်သည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် ရုရှားတိုက်လေယာဉ်မောင်းတစ်ဦးက MQ-9 ဒရုန်းရှေ့တည့်တည့်မှ ပျံသန်းပြီး ဒရုန်းမောင်းနှင်သူကို အနှောက်အယှက်ပေးခဲ့သည်ကို တွေ့မြင်ရသည်။

 

အမေရိကန်လေတပ်အကြီးအကဲ ဗိုလ်မှူးချုပ် ဂရင်ကီဝစ်က ဆီးရီးယားရှိ ရုရှားတပ်များအနေနှင့် အရေးမစိုက်သည့် အပြုအမူများ ရပ်ဆိုင်းရန် နှင့် ပရော်ဖက်ရှင်နယ် လေတပ် ကျင့်ဝတ်နှင့်အညီ လိုက်နာရန် တိုက်တွန်းထားသည်။

 

အမေရိကန် ရော ရုရှားပါ ဆီးရီးယားနိုင်ငံတွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်က အိုင်အက်စ် အုပ်စုများကို တိုက်ခိုက်နှိမ်နင်းရန် ဖြစ်ပြီး ရုရှားမှာ ဆီးရီးယားသမ္မတ ဘာရှား အာဆတ်၏ မဟာမိတ်အနေနှင့် ရောက်ရှိနေခြင်းဖြစ်သည်။

 

ယခုဖြစ်ရပ်မှာ ပင်လယ်နက် နိုင်ငံတကာရေပြင်အထက် ကောင်းကင်တွင် ရုရှားဂျက်တိုက်လေယာဉ်များက အမေရိကန် MQ-9 Reaper ဒရုန်းတစ်စင်းကို လွန်ခဲ့သည့် လေးလက ပစ်ချခဲ့ပြီးနောက် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။

 

NN-27

ref:Dhaka tribune

ဆက်စပ် သတင်းများ