တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြန်မာမပါသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 454

ကိုယ်နိုင်သူရှုံး ချည်းကပ်မှုမျိုးဖြင့် ခိုင်မာသော ငြိမ်းချမ်းရေး ဘယ်တော့မှ မရနိုင်ဟု အင်ဒိုနီးရှားဆို

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင်(၁၁)ရက်နေ့မှ စတင်ကာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာတွင် ကျင်းပလျှက်ရာ ယခင်အစည်းအဝေးများကဲ့သို့ပင် မြန်မာနိုင်ငံ ပါဝင်ခြင်းမရှိပေ။

 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများတွင် မြန်မာအား ချန်လှပ်ထားခဲ့သည်။

 

 မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁၊ဧပြီလတွင် အင်ဒိုနီးရှားသို့ လာရောက်ပြီး အာဆီယံခေါင်းဆောင်များ ရှေ့တွင် ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာအကောင်အထည်ဖော်မည်ဟု ကတိပေးခဲ့သည်။

 

သို့သော် စစ်ကောင်စီသည် ထိုသဘောတူညီချက် ၅ ရပ်ကို အကောင်ဖော်ဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံ၏ ပုံမှန်ထိပ်သီးအစည်းအဝေးများသို့ ဖိတ်ကြားခြင်းမပြုဘဲ ချန်လှပ်ခံခဲ့ရသည်။

 

မြန်မာ့အရေးမှာ အာဆီယံနိုင်ငံများအတွက် ဆူးတစ်ချောင်းလိုဖြစ်နေပြီး ဖြေရှင်းရခက်နေသည်။

 

အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား တာဝန်ယူစဉ်က ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့သလို ယခု အင်ဒိုနီးရှား အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာစဉ်မှာလည်း တစုံတရာ တိုးတက်လာခြင်း မရှိသေးပေ။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားစဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရပ်တ်နို မာဆူဒီက မြန်မာနှင့်ပတ်သက်၍ တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မပြုဘဲ အာဆီယံ၏ ညီညွတ်မှုကို ပြသရန်သာ တိုက်တွန်းသွားခဲ့သည်။

 

အင်ဒိုနီးရှားသည် အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်မှစ၍ မြန်မာ့အရေးကို ဖြေရှင်းပေးရန် နောက်ကွယ်မှ ကြိုးပမ်း ပေးနေခဲ့ပြီး မြန်မာပဋိပက္ခတွင် ပါဝက်ပတ်သက်နေသူအားလုံးနှင့် တွေ့ဆုံကာ သဘောတညီချက် တစ်ခုရရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရသေးပေ။

 

ထိုအတောအတွင်း မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံလိုသော ထိုင်းနိုင်ငံက မြန်မာ နိုင်ငံခြားရေးဝန်ကြီးအား ထိုင်းနိုင်ငံသို့ဖိတ်ခေါ်ပြီး အခြားအာဆီယံနိုင်ငံများကိုလည်း ဖိတ်ခေါ်ကာ မြန်မာ့အရေးဆွေးနွေးရန်ကြိုးစားခဲ့သည်။

 

ထိုင်းနိုင်ငံ၏ လုပ်ဆောင်မှုသည် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားကို ကျော်လွန်လုပ်ဆောင်သည့် သဘောသက်ရောက်၍ အဆိုပါအစည်းအဝေးကို မြန်မာ၊ ထိုင်း နှင့် လာအို သုံးနိုင်ငံသာ တက်ရောက်ခဲ့သည်။

 

အင်ဒိုနီးရှားက မြန်မာအကျပ်အတည်းကို ဖြေရှင်းပေးရန် ကြိုးစားနေခဲ့သော်လည်း အကျပ်အတည်းတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအား အလွတ်သဘော တွေ့ဆုံဆွေးနွေးရာတွင်ပင် ကြိုတင်စည်းမျဉ်းကန့်သတ်မှုများ ရှိနေသည်ဟု ဆိုသည်။

 

အာဆီယံနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီက ကိုယ်နိုင် သူရှုံး ချဉ်းကပ်မှုနဲ့သာ ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ ရမှာမဟုတ်ဘူးဟု ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

 

NN-27

Ref:CAN

 

ဆက်စပ် သတင်းများ