အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

အစိုးသစ်ဖွဲ့စည်းရန် Move Forward ပါတီက ဖွေ့ထိုင်း( Pheu Thai )ပါတီကို ထောက်ခံသွားမည်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 573

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက အစိုးရသစ်ဖွဲ့စည်းရန် မဟာမိတ် ဖွေ့ထိုင်း ( Pheu Thai) ပါတီအား ထောက်ခံသွားမည်ဟု ပြောကြားလိုက်သည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက်၊ လွှတ်တော်နှစ်ရပ်​၏ ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲတွင် ပါတီခေါင်းဆောင် ပီတအား အထက်လွှတ်တော် အမတ်များက ထောက်ခံမဲမပေးဘဲ နေခဲ့ကြသဖြင့် ပီတ​၏ ဝန်ကြီးချုပ် ရွေးချယ်ခံမှုမှာ ရှုံးနိမ့်သွားခဲ့ရသည်။

ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့( ဇူလိုင်-၁၉)က ဝန်ကြီးချုပ်လောင်းနေရာ ထပ်မံမဲပေးရန်ပြင်ဆင်နေစဉ် အခြေခံဥပဒေခုံရုံးက ပီတသည် အိုင်တီဗီ မီဒီယာကုမ္ပဏီတွင် ရှယ်ယာများပိုင်ဆိုင်သည်ဆိုသော စွပ်စွဲချက်ကို ကြားနာရန် လက်ခံလိုက်သဖြင့် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည်။

အစိုးရသစ်ဖွဲ့စည်းရေး ဝန်ကြီးချုပ်လောင်း မဲပေးရွေးချယ်မှုကို လာမည့် ဇူလိုင်(၂၇)တွင် ဆက်လက်ကျင်းပမည်ဖြစ်ရာ MFP ပါတီက ဝန်ကြီးချုပ်နေရာအတွက် အရွေးချယ်မခံတော့ဘဲ မဟာမိတ်ပါတီ ဖွေ့ထိုင်း (Pheu Thai) က တင်သွင်းလာသည့် မည်သည့်ဝန်ကြီးချုပ်လောင်းကို မဆို ထောက်ခံအားပေးသွားမည်ဟု MFP ပါတီ အတွင်းရေးမှူး ချီထာဝတ် တူလာထွန် က ပြောကြားလိုက်သည်။


မေလ(၁၄)ရက် ရွေးကောက်ပွဲတွင် ပီတ လင်ဂျာရွန်ရတ်​၏ Move Forward ပါတီက အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အနက် ၁၅၁နေရာ အနိုင်ရပြီး မဟာမိတ်ပါတီ ဖွေ့ထိုင်း( Pheu Thsi) က ၁၄၁နေရာ အနိုင်ရခဲ့သည်။

MFP, ဖွေထိုင်း( Pheu Thai ) အပါအဝင် ညွန့်ပေါင်းပါတီ (၈)ခု က စုစုပေါင်း အမတ်နေရာ ၃၁၂နေရာ ရရှိထားပြီး အစိုးရဖွဲ့နိုင်ရန် ထောက်ခံမဲ (၃၇၆)ရရှိရန် လိုအပ်နေသည်။ နောက်ထပ် ထောက်ခံမဲ ၆၄ မဲ ရရှိလျှင် ဝန်ကြီးချုပ်သစ်တင်မြှောက်နိုင်ပြီး အစိုးရသစ်ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

အထက်လွှတ်တော်တွင် အမတ် နေရာ ၂၅၀ ရှိပြီး ၎င်းတို့အားလုံးမှာ ဝန်ကြီးချုပ် ပရာယွတ်​၏ စစ်ကောင်စီက ခန့်အပ်ထားသူဖြစ်သည်။ MFP ပါတီ​၏ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးမူဝါဒကြောင့် အထက်လွှတ်တော်အမတ်များက MFP ပါတီခေါင်းဆောင် ပီတကို မဲမပေးဘဲနေခဲ့ကြသည်။

လွှတ်တော်တွင် ယခုထပ်မံပြုလုပ်မည့် ဝန်ကြီးချုပ်လောင်းမဲပေးမှု၌ MFP ပါတီက ဝန်ကြီးချုပ်နေရာ ရွေးချယ်ခံတော့မည်မဟုတ်ဘဲ ဖွေ့ထိုင်း PheuThai က တင်သွင်းလာသည့် ဝန်ကြီးချုပ်လောင်းကို ထောက်ခံအားပေးသွားမည်ဟု သိရှိရသည်။

 

NN-27

ref:can

ဆက်စပ် သတင်းများ