ကြာသပတေး၊ မေလ ၁၆ရက်၊ ၂၀၂၄

အမျိုးသမီးကြီးတစ်ဦး ငါးမန်းကိုက်ခံရပြီးနောက် အမေရိကန်ရှိ အပန်းဖြေကမ်းခြေတစ်ခုကို ပိတ်ထားလိုက်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 703

ပြီးခဲ့သည့် တနင်္လာနေ့ညနေပိုင်းက ရေကူးနေသော အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ငါးမန်းကိုက်ခံရမှုဖြစ်ပွါးပြီးနောက် နယူးယောက်အနီးရှိ နာမည်ကျော် ရော့ခ်ဝေး အပန်းဖြေကမ်းခြေကို အင်္ဂါနေ့က ပိတ်ထားလိုက်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ကမ်းခြေတွင်ရေကူးနေသော အမျိုးသမီး၏ ခြေထောက်တစ်ဖက် ငါးမန်းကိုက်ခံရပြီးနောက် ကမ်းခြေစောင့်ဝန်ထမ်းများက ရေထဲမှ သယ်ယူကာ ဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု နယူးယောက်စီးတီး ပန်းခြံတာဝန်ရှိသူများက ပြောကြားသည်။

ပေါင်တွင် ငါးမန်းကိုက်ခံထားရသည့် အမျိုးသမီး၏ ဒဏ်ရာမှာ နက်ရှိုင်းပြီး ပြင်းထန်သော်လည်း ပုံမှန်အခြေအနေရှိသည်ဟု ဆိုသည်။

ရောခ်ဝေး ပင်လယ်ကမ်းခြေတွင် ယခုကဲ့သို့ ငါးမန်းကိုက်ခံရမှုမှာ လွန်ခဲ့သည့်နှစ်များအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်သည်ဟု ပန်းခြံဌာနတာဝန်ရှိသူများက ဆိုသည်။

ယခုနှစ် နွေရာသီအတွင်း Long Island ကျွန်း ကမ်းခြေတွင် ငါးမန်းတွေ့ရှိမှုများရှိခဲ့ပြီးနောက် နယူးယောက်ပြည်နယ်တွင် ငါးမန်းတွေ့ရှိမှုများ ရှိလာခဲ့သည်။

ကျွမ်းကျင်သူများ၏ အဆိုအရ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေ ပူနွေးလာသည့်အတွက် ငါးမန်းများသည် အစာရရှိရန် ကမ်းခြေအနီးသို့ ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။

 

NN-27

ဆက်စပ် သတင်းများ