ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

အာဆီယံအထူးသံကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ယနေ့ရောက်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂
မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီးပရက်ဆော့ခွန်း (Prak Sokhon)သည် ယနေ့ ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံကိုရောက်ရှိမည်ဟု သတင်းရရှိသည်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ ၎င်းသည်
ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၃ ရက်အထိ မြန်မာနိုင်ငံတွင် နေထိုင်သွားမည်ဟု ဆိုသည်။
သူ၏ ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ မြန်မာ့အရေး ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ရေးနှင့် ပါဝင်ပတ်သက်သူများ အားလုံးနှင့် တွေ့ဆုံခွင့်ရနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ပြီးမြောက်အောင်မြင်ရေး တိုးတက်မှု အခြေအနေကိုလည်း စောင့်ကြည့် သွားမည်ဟု သိရသည်။
အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည့်နေရာမှ နေပြည်တော်အချုပ်ထောင်ထဲ ရွှေ့ပြောင်းခံလိုက်ရမှုအပေါ် အသက်အရွယ်နှင့် ကျန်းမာရေးကို ထောက်ရှုပြီး မူလနေရာကို ပြန်လည် ပြောင်းရွှေ့ပေးရန် စစ်ကောင်စီကို ဇွန် ၂၇ ရက်နေ့က တိုက်တွန်းခဲ့သည်။
ယခု ခရီးစဥ်အတွင်း ပရက်ဆော့ခွန်းသည်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရ/မရကို ရှင်းရှင်းလင်းလင်း မသိရသေးဟု သိရသည်။
သူနှင့် အတူ အာဆီယံ လက်ထောက်အတွင်းရေးမှူးချုပ်၊ အစိုးရထိပ်တန်း အရာရှိများ၊ အာဆီယံ အတွင်းရေးမှူး အဖွဲ့ဝင်များလည်း လိုက်ပါလာမည် ဖြစ်သည်။
သူ၏ မြန်မာနိုင်ငံခရီးစဉ်သည် စစ်အာဏာသိမ်းပြီးနောက် ဒုတိယ အကြိမ်မြောက် ခရီးစဥ်လည်း ဖြစ်သည်။

ဆက်စပ် သတင်းများ