ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ ဟားခါးမြို့နယ်အတွင်းကျင်းပခွင့်မပြုဟု ဟားခါး CDF ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.2k

နိရဥ္ဇရာ၊ ဇန်နဝါရီလ ၁၀/ ၂၀၂၃

 

စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအား လုံးဝကန့်ကွက်ပြီး ဟားခါးမြို့နယ်အတွင်း ကျင်းပခွင့် မပြုဟု ဟားခါး CDF က ထုတ်ပြန်ပြောဆိုထားသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ခြင်း ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် ရွေးကောက်ပွဲ ဖြစ်မြှောက်ရေးအတွက်ပါဝင်ဆောင်ရွက်သော ရုံးနဲ့ လူပုဂ္ဂိုလ် ၊ ပါဝင်ယှဉ်ပြိုင်သော ပါတီနဲ့ လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို... အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေသော  အကြမ်းဖက် စစ်ခွေးများနဲ့ အတူ ပြည်သူလူထု၏ ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း” Chiland Defense Force (CDF) – Hakha Council မှ ပြောဆိုထားသည်။

 

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ် တစ်ဦးဦးအား ထိခိုက်မှု တစ်စုံတစ်ရာရှိပါက တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းရွေးကောက်ပွဲဆန့်ကျင် ကန့်ကွက်သူ အဖွဲ့အစည်း/ လူပုဂ္ဂိုလ်တို့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူများကို ကြိုတင်အသိပေးအပ်သည်ဟုလည်း CDF ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ်ပြုတ်ကျရေးနှင့် စစ်အာဏာရှင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ကန့်ကွက်မှုများအနေဖြင့် လက်ပံတောင်းတောင် ဒေသ၊ ရေစကြိုမြို့နယ်၊ မန္တလေး၊ ယင်းမာပင်မြို့နယ်၊ ကလေးမြို့၊ ဆားလင်းကြီးမြို့နယ်များတို့တွင် ဆန္ဒ ထုတ်ဖော်မှုများ ဇန်နဝါရီလ ၉ ရက်နေ့ တွင် ပြုလုပ်ခဲ့ကြ ကြောင်း သိရှိရသည်။

 

အလားတူ မြိုင်၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရ လူငယ် ကဗျာဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ် အခြေခံ ပညာ အထွေထွေ သပိတ် ကော်မတီ (BEGSC – MYAING) နှင့် ဒေသခံ ပြည်သူလူထုတို့ကလည်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြကြောင်းကိုလည်း သိရှိရသည်။

 

NUG အစိုးရအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်အတုအယောင် ရွေးကောက်ပွဲတွင်ပူးပေါင်း ပါဝင်ခြင်း မပြုရန် ကြေညာ ချက်ကိုလည်း ထုတ်ပြန်ထားသည်။

 

၎င်း ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် ဖက်ဆစ်စစ် အုပ်စုသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အတွက် ဇန်နဝါရီ (၉)ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃)ရက်တာ တစ်အိမ် တက်ဆင်းကောက်ခံနေမှုကို ငြင်းဆန် မပူးပေါင်ကြရန် မေတ္တာရပ်ခံထားသည်။

 

ဓါတပုံ - ဟားခါး CDF ထုတ်ပြန်ချက်နှင့်  ဟားခါး CDF တပ်ဖွဲ့

ဆက်စပ် သတင်းများ