ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပြည်သူ့နွေဦးတော်လှန်ရေး “၂” နှစ်ပြည့် Silent Strike သပိတ်ပါဝင်ရန်တိုက်တွန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ဇန်နဝါရီ၃၀/ ၂၀၂၃

ပြည်သူ့နွေဦး တော်လှန်ရေး နှစ်ပြည့် လူထုတိုက်ပွဲ Silent Strike အပြင်မထွက်၊ ငြိမ်သက် တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ရန် တော်လှန်ရေး အင်အားစုများက  ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများမှ ဖြန့်ဝေတိုက်တွန်းထားကြောင်း တွေ့ရှိရသည်။

သပိတ်ပြုလုပ်မည့်ရက်မှာ စစ်ကောင်စီ အာဏာစတင်သိမ်းယူခဲ့သည့် () နှစ်ပြည့် ဖေဖော်ဝါရီ ()ရက်နေ့ ကို သတ်မှတ်ထားပြီး ၎င်းနေ့ နံနက် (၁၀) နာရီကနေ ညနေ () နာရီအတွင်း Silent Strike သပိတ်ဟု တော်လှန်ရေး အင်းအားစုများမှ တိုက်တွန်းထားသည်။

အဆိုပါ သပိတ်ကို သံတည်းညီတချီတည်းရုန်း  တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ တိတ်ဆိတ်မှုနဲ့ သက်သေပြဆိုပြီး ခေါင်းစဉ်နှင့် ဖြန့်ဝေထားသည်။

ထိုအပြင် ကိုယ့် အိမ်၊ ကိုယ့်စျေးဆိုင်၊ ကိုယ့်ရုံး၊ ကိုယ့်အမိုးအကာ အောက်မှာပဲနေမယ် အပြင် (လုံးဝ) မထွက်ဘူး။ Click မယ်ဆိုသည့်စာသားများလည်း ထည့်သွင်း ဖြန့်ဝေထားကြောင်း တွေ့ရှိရသည်။

အရင် Silent Strike သပိတ် က အောင်မြင်ပါတယ်။ မိဘ ပြည်သူတွေ ပါဝင်ခဲ့တာတွေလဲ ခင်ဗျားတို့အသိပဲလေ။ ဒီတစ်ခေါက်လည်း ောင်မြင်မှာပါဟု ရန်ကုန်မြို့က ဒေသခံတစ်ဦးက ပြောသည်။

Silent Strike သပိတ်များအား ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးဖြင့် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းပြုလုပ် လျက်ရှိရာ ပြည်သူများပါဝင် ခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ယခု သပိတ်တွင်လည်း ပါဝင်ကြ မည်ဟု မျှော်လင့်ကြောင်းကိုလည်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။ (NN – 25)

ဓာတ်ပုံ - ဖေဖော်ဝါရီ ရက်နေ့တွင် ပြုလုပ်မည့် Silent Strike သပိတ် ကြေငြာ (လူမှုကွန်ယက် စာမျက်နှာ)

ဆက်စပ် သတင်းများ