ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပခုက္ကူတွင် စစ်ကောင်စီတပ်သားများစီးလာသည့်ကား တိုက်ခိုက်ခံရ၍ ၁၀ ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇/ ၂၀၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့်ကားကို PDF တပ်ဖွဲ့တစ်ခုက တိုက်ခိုက်၍ ပျူစောထီးခေါင်းဆောင်တစ်ဦးအပါအဝင် စစ်သား ၁၀ ဦးသေပြီး လက်နက်များလည်း သိမ်းဆည်းရမိသည်ဟု ပခုက္ကူခရိုင် တပ်ရင်း(၃) ပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်ထဲတွင် ပခုက္ကူ-ရေစကြို ကားလမ်းပေါ်ရှိ ကိုရှိန်း ဆီဆိုင်ရှေ့တွင် စစ်ကောင်စီ လက်အောက်ခံ စစ်သားများစီးလာသည့်ကားနှစ်စီးကို  ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် ပစ်ခတ်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး သေနတ် ၇ လက်နှင့် ခဲယမ်းမီးကျောက်အများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။  

ပစ်ခတ်ရှင်းလင်းမှုသည် အချိန် ၅ မိနစ်မျှသာကြာမြင့်ခဲ့ပြီး ကာဘိုင်သေနတ် (၆)လက်နှင့် ၎င်းကျည်ဘောက် (၆)ခု၊ ကာဘိုင်ကျည် (၁၄၆) တောင့်၊ MA-4 သေနတ် (၁)လက်နှင့် MA-4 ကျည်ဘောက် (၅)ခု၊ ၅.၅၆ ကျည် (၉၄)တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၎င်းအပြင် လက်ပစ်ဗုံး (၃)လုံး၊ 40-mm ဗုံးသီး (၄)လုံး၊ ဖုန်း(၃)လုံး၊ power bank (၁)လုံးနှင့် Super Custom ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့သည်ဟုဆိုသည်။

ပျူစောထီး ခေါင်းဆောင်တစ်ဦး စစ်ကောင်စီတပ်သား ၁၄ ဦးတို့သည်  Super Custom အမျိုးအစား ယာဥ်တစ်စီးနှင့် CR-V အမျိုးအစားယာဥ်တစ်စီး တို့တွင်လိုက်ပါလာခဲ့သည်ကို   ပခုက္ကူ-ရေစကြို ကားလမ်းပေါ်ရှိ ကိုရှိန်း ဆီဆိုင်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ ၁၀ ဦးသေပြီး ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း၊ င်းတို့  ၄ ဦးအထဲမှ တစ်ဦးသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ကြောင် ဖော်ပြသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း(၃) ဘက်က မည်သူ တစ်စီး တစ်ယောက်မျှ ထိခိုက်မှုမရှိခဲ့ဟု ဆိုသည်။

သေဆုံးသွားသူအထဲတွင် ဟင်္သာကျေးရွာက ပျူစောထီး ခေါင်းဆောင် ဆိုသူ အောင်နိုင်မိုးပါဝင်ပြီ  ဟင်္သာကျေးရွာက အခြား ပျူစောထီးအဖွဲ့များမှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း ပခုက္ကူခရိုင် တပ်ရင်း(၃)က ရဲဘော်တစ်ဦးက ပြောသည်။

" ကားနှစ်စီးမှာ ပျူစောထီးခေါင်းဆောင်တစ်ဦး နဲ့ စကစ  ၀ယောက်ကျော်ပါတာပေါ့။ အဲ့ ကောင်တွေကို ရှင်းတာ။ ၇ ယောက်ကပွဲချင်းပြီးပဲ။ ကျည်ထိမှန်သွားတဲ့ CRV ကားနဲ့ ထွက်ပြေးတဲ့ ၃ ကောင်လဲ ဒဏ်ရာနဲ့ ဆေးရုံမှာသေတယ်။ ကျနော်တို့လဲ ဖြစ်စဥ်ရော သိမ်းဆည်းစာရင်းပါ ထုတ်ပြန်ထားပါတယ်"ဟု  ၎င်းက ပြောသည်။

(NN - 25) ပုံစာ- ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း(၃) က သိမ်းဆည်းရမိသည့် လက်နက်များကိုတွေ့ရစဉ်

ဆက်စပ် သတင်းများ