ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

Chevron ရေနံကုမ္ပဏီ မြန်မာပြည်မှ ထွက်ခွါ၊ ပိုင်ဆိုင်မှုအားလုံး ကနေဒါကုမ္ပဏီ MTI သို့ ရောင်းချသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၁/၂၀၂၃

 

အမေရိကန် ရေနံကုမ္ပဏီ Chevron က ၄င်းပိုင်ဆိုင်သည့် အစုရှယ်ယာအားလုံးကို ကနေဒါကုမ္ပဏီ MTI သို့ ရောင်းချရန် သဘောတူလိုက်ပြီး မြန်မာနိုင်ငံမှ လုံးဝထွက်ခွါသွားခဲ့ပြီ ဖြစ်သည်။ 

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွါးပြီးနောက် Chevron အပါအဝင် အခြား ရေနံကုမ္ပဏီများ မြန်မာနိုင်ငံမှ ထွက်ခွါမည်ဟု ဆုံးဖြတ်ခဲ့ပြီး တစ်နှစ်အကြာတွင် ယခုသဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

 

Chevron သည်မြန်မာနိုင်ငံမှ လူ့အခွင့်ရေးချိုးဖောက်မှုများကို ပြစ်တင်ရှုတ်ချခဲ့သည်။

 

ရတနာ သဘာဝဓါတ်ငွေ့စီမံကိန်းတွင် ၄၁.ရင်းနှီး မြှုပ်နှံထားသည့် Chevron က သူ၏ ပိုင်ဆိုင်မှုများကို ကနေဒါကုမ္ပဏီ MTI သို့ လက်လွှဲရောင်းချသွားခြင်းဖြစ်ပြီး တန်ဖိုးပမာဏ ဖော်ပြခြင်း မရှိပေ

 

ရတနာ သဘာဝဓါတ်ငွေ့စီမံကိန်းမှာ နိုင်ငံပိုင် MOGE (မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း)နှင့် ပြည်ပကုမ္ပဏီမျာ အကျိုးတူလုပ်ကိုင်နေသော စီမံကိန်းဖြစ်သည်။ 

 

ယခင်က ရတနာစီမံကိန်းတွင် Chevron  ပိုင်ဆိုင်မှုမှာ ၂၈%သာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၄၁.အထိ ရှိလာခဲ့ပြီး စစ်အစိုးရအိတ်ထောင်ထဲသို့ ဓါတ်ငွေ့ရောင်းရငွေများ လျှော့ချရန် ရည်ရွယ်ခဲ့သည်။ 

 

ရတနာစီမံကိန်းမှ ထွက်ရှိသော ဓါတ်ငွေ့များကို ပြည်တွင်းသုံးစွဲရန် နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိသည်။

 

ပြင်သစ် ရေနံကုမ္ပဏီ Total မှာ ၂၀၂၂ခုနှစ်၊ ဇူလိုင်လကတည်းက ၄င်း၏ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်သွားခဲ့ပြီးဖြစ်သည်။ 

NN-27

Ref:CNA 

ဆက်စပ် သတင်းများ