- Web Master
- ၂၅ အောက်တိုဘာ ၂၀၂၃
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၅/ ၂၀၂၃
စစ်တပ်နှင့်
ရဲတပ်ဖွဲ့အများအပြားတပ်စွဲထား
“ မနေ့က မနက်ဖြစ်တာ။ ရုတ်ရုတ်ဖြစ်လို့ စပ်စုတာ။ ဓါးထောက်ယူခံရတာလို့ ပြောတာပဲ။ ငွေထုတ်ပြီး ပြန်လာတာ အကုန် ပါသွားတယ်ပြောတာပဲ၊ ရဲတယ်ဗျာ ဒီနားဆို စခတွေရော၊ ဟိုကောင်တွေရော ရှိတဲ့မြို့လယ်ခေါင်ကြီးလေ။ ရန်ကုန်မှာ ခိုးဆိုးလုယက်တွေ တော်တော်ဆိုးလာပြီး”ဟု ဗိုလ်တစ်ထောင်အနီး နေ့စဉ် အလုပ်သွားရောက်လုပ်ကိုင်သူ တစ်ဦးက ပြောသည်။
အဆိုပါ ငွေများကို ယုံရှင်းငွေလွှဲလုပ်ငန်းက စာရေးမ မမျိုးယမင်းနှင့် ယာဉ်မောင်းစည်သူ တို့က ဆာကူရာတာဝါရှိ CB ဘဏ်ကနေ ငွေထုတ်အပြန် လူ ၅ ဦး ဓါးထောက်ယုယက်ခံခဲ့ရကြောင်း ၎င်းက ပြောသည်။
လာရောက်ယုယက်သူများက ဆာလာအိတ်နှင့်
ထုတ်ထားသည့် ငွေသားများကို အသင့် မောင်းနှင်လာသည့် ကားပေါ်သို့
ပြောင်းရွှေ့သယ်ဆောင် မောင်းနှင်ထွက်ပြေးသွားခဲ့ကြော
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယုံရှင်း ငွေလွှဲလုပ်ငန်း မှ အကြောင်းတစ်စုံတစ်ရာ ပြောဆိုထားခြင်းမျိုးအားမတွေ့ရှိရသေးပေ။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း လှိုင်သာယာ၊ ၆ ရပ်ကွက်၊ သီရိမင်္ဂလာ လမ်းရှိ CB ဘဏ်ခွဲတွင် နေ့လည် ၃ နာရီ အချိန်ခန့်က သေနတ်ပြလုယက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၅၀ ပါသွားခဲ့ကြောင်း သိရှိရသည်။
ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း ကျောက်တံတားမြို့နယ်၊ ကုန်သည်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ KBZ ဘဏ်ခွဲ ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့သေးသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ခိုးဆိုးလုယက်မှုများ များပြားခဲ့ပြီး ရန်ကုန်မြို့နှင့် အခြားမြို့များတွင် ဘဏ် ဓါးပြတိုက်ခံရမှု၊ ငွေထုတ်လာသူများထံမှ လုယက်မှု၊ ရွှေဆိုင်များ ဓါးပြတိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
(NN – 25)
ဓာတ်ပုံ - CB ဘဏ် အဆောက်အဦး တစ်ခု