သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဖယ်ခုံတွင် စစ်ကောင်စီနှင့် ကရင်နီလက်နက်ကိုင်တပ်တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက်က ၉ ဦး သေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂၀၂၂

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်လုံးရွာတွင် စစ်ကောင်စီတပ်နှင့် ပအို့အမျိုးသားတပ်မတော် PNA တို့ ပူးပေါင်းထားသည့်တပ်ဖွဲ့နှင့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီ ၂၇ ရက် နေ့လည်ပိုင်း က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်ဖက်က ၉ ဦးသေဆုံးခဲ့ကြောင်း ကရင်နီစစ် ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် ၂နာရီခန့်အချိန်တွင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် PNA ပူး ပေါင်းတပ်များကို KAKNDFနှင့် PDF စသည့် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ခံ ခူးညေးရယ်က နိရဉ္စရာ ကို ပြော သည်။

‘’ဖယ်ခုံထဲမှာ စစ်ကောင်စီနဲ့ ပအို့ပြည်သူ့စစ်ပူးပေါင်းတပ်တို့ အတိုက်ခံရတယ်၊ ဒီရာသီက စစ်ကောင်စီ ရိက္ခါပို့တဲ့ရာသီဆိုတော့ နောက်ထပ်လည်း ဒီဒေသဖက်မှာ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်ဦးမယ်၊ စစ်ရေးက တင်းမာနေတဲ့အနေအထားပဲ’’

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဖက်နှင့် PNA ပူးပေါင်းအဖွဲ့ဖက်က ၉ ဦး သေဆုံးခဲ့ကြောင်း၊ M 16 သုံး လက်၊ AK 1 တစ်လက်၊ 9MM လေးလက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ခူညေးရယ် က ပြောသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့သည် နယ်မြေအရ တစ်ဆက်တည်းရှိနေသည့် ဒေသဖြစ်ခြင်း ကြောင့် ကယားပြည်နယ်ထဲမှ စစ်ကောင်စီတပ်ဖွဲ့များထံ ရှမ်းပြည်တောင်ပိုင်းဘက်မှ လက်နက်ခဲယမ်း ရိက္ခါများကို ယခုလိုပွင့်လင်းရာသီအချိန်တွင် အမြဲပို့ပေးနေကြောင်းလည်း ခူညေးရယ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း မယ်စဲ့မြို့နယ်ထဲသို့ ရိက္ခါလာပို့သည့် အင်အား ၃၀ ခန့်ပါသည့် ခလရ ၅၄ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီလက်နက်ကိုင်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

Photo ; Karenni Military Information Center

ဆက်စပ် သတင်းများ