သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ညောင်ခြေထောက် လှေဆိပ်တွင် အကောက်ကောက်နေသည့် စစ်ကောင်စီ တပ်ကြပ်တစ်ဦးပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.9k

နိရဉ္စရာ မတ် ၁၃/၂၀၂၃

 

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာ ချောင်းလှေဆိပ်တွင် မတ်လ ၁၂ ရက် နေ့လယ်ပိုင်း အချိန်ခန့်က မတရားအခွန် ကောက်သည့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး သေနတ်နှင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြော သည်။

 

အဲ့လူ ငပေါက် တော်တော်ဆိုးတယ်ဗျ။ သေနတ် တကားကားနဲ့ အခု သူ့ကိစ္စနဲ့သူ ခံရတာပဲဗျာ။ မနေ့ နေ့လယ်လောက်က ဖြစ်တာဗျာဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယခုလိုပစ်သတ်ခံလိုက်ရသည့်သူသည် စစ်ကောင်စီတပ်၏ အမှတ် (၅၉၈) မှ တပ်ကြပ်ကြီး ငပေါက်ဆို သူဖြစ်ပြီး ၎င်းကို Soul Takers Yangon Underground Force ဟုဆိုသည့် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

 

ချောင်းလှေဆိပ်မှာ တပ်ကြပ် ငပေါက်က ပြည်သူလူထုကို အနိုင်ကျင့် က်ကြေးကောက်နေတာ၊ စကစ အားထားရတဲ့ လက်ကိုင်တုတ်ဖြစ်လို့ ရှင်းလင်းလိုက်တာပါဟု Soul Takers Yangon Underground Force ပြန်ကြားရေးက ပြောဆိုထားသည်။

 

ပစ်သတ်ခံရသူ တပ်ကြပ် ငပေါက် ထံမှ MA 3 ပြောင်းရှည် သေနတ် () လက်၊ ကျည်ဘောက် () ခုနှင့် ကျည် (၅၄) တောင့် တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

Soul Takers Yangon Underground Force အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ တွင်းရှိ စစ်ကောင်စီ လက်အောက်ခံများကို တိုက်ခိုက်ရှင်းလင်းရာတွင် ပါဝင်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ် ကြောင်း သိရသည်။ (NN – 25)

 

ဓာတ်ပုံ - စစ်ကောင်စီတပ်ကြပ် ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း (Soul Takers)

ဆက်စပ် သတင်းများ