- Web Master
- ၁၂ ဒီဇင်ဘာ ၂၀၂၃
နီမင်းထွန်း
နိရဥ္စရာ ၊ နိုဝင်ဘာ ၁၈ /၂ဝ၁၉
ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် အမျိုးသမီးကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ (၂ဝ၁၉) ကို စစ်တွေမြို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
၎င်းပြ်ိုင်ပွဲကို စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁၂နာရီအချိန်မှ ညနေ ၇ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ပေါင်းစုံမှ ကာယဗလမောင်များနှင့် အမျိုးအမီးကာယဗလမယ်များက ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသမီး Model Physique 160 မီတာ အောက်ပြိုင်ပွဲဲတွင် ပထမဆုကို တောင်ကုတ်မြို့မှ မခွာညိုသင်း၊ ဒုတိယဆုကို စစ်တွေမြို့မှ မေမိုးဦး ၊ တတိယဆုကို တောင်ကုတ်မြို့မှ မမိုးမြတ်ဇူလိုင်တို့ကရရှိခဲ့သည်။
Model Physique 160 မီတာ အထက်ပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့မှ မချိုချိုဝင်း ၊ ဒုတိယဆုကို ရမ်းဗြဲမြို့မှ မခိုင်ရည်မွန်နှင့် တတိယဆုကို မာန်အောင်မြို့မှ မသင်္ကြန်မိုးတို့က ရရှိခဲ့သည်။
အမျိုးသမီး Fittenss Physique ပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့မှ မအေးအေးစိုး၊ ဒုတိယဆုကို ပုဏ္ဏားကျွန်းမြို့မှ မနှင်းမိုးခိုင် နှင့် တတိယဆုကို ပေါက်တော်မြို့မှ မပန်းနန္ဒာကျော်တို့ကရရှိခဲ့သည်။
Men Physiqueပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့မှ ကိုအောင်ဗလ ၊ ဒုတိယဆုကို အမ်းမြို့မှ ကိုခိုင်လင်းကိုကိုနှင့် သံတွဲမြို့နယ်မှ ကိုရတနာအောင်တို့က ရရှိခဲ့သည်။
Men’s Sport ပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့မှ ကို မောင်သန့်စင် ၊ဒုတိယဆုကို စစ်တွေမြို့မှ အောင်တေဇနှင့် တတိယဆုကို အမ်းမြို့နယ်မှ ကိုခိုင်လင်းကိုကိုတို့က ရှိခဲ့သည်။
80 Kg အမျိုးသားပြိုင်ပွဲတွင် ပထမဆုကို ကျောက်တော်မြို့မှ ကိုအောင်သန်းဌေး ၊ ဒုတိယဆုကို စစ်တွေမြို့မှ ကိုမျိုးသူရကျော် နှင့်တတိယဆုကို ဘူးသီးတောင်မြို့မှ ကိုဇော်ဝင်းတို့ကရရှိခဲ့သည်။
70 Kg အမျိုးသား ပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့မှ ကိုမောင်ထွန်းလင်း ၊ဒုတိယဆုကို ရသေ့တောင်မြို့နယ်မှ ကို မောင်မြင့်နိုင် နှင့်တတိယဆုကို မြေပုံမြို့မှ ကိုကျော်ကျော်ဆန်း တို့ကရရှိခဲ့သည်။
60 Kg အမျိုးသားပြိုင်ပွဲတွင် ပထမဆုကို စစ်တွေမြို့နယ်မှ ကိုကျော်စိုးမိုး ၊ဒုတိယဆု မြောက်ဦးမြို့မှ ကိုစိုးမင်းသန်း နှင့်တတိယဆုကို ကျောက်တော်မြို့မှ ကိုမောင်ဝင်းမျိုးတို့ကရှိခဲ့သည်။
၂၁ နှစ်အောက် အမျိုးသား ကာယဗလပြိုင်ပွဲတွင် စစ်တွေမြို့မှ ကိုသန့်ဇင် ၊ ကျောက်တော်မြို့မှ ကိုမောင်ဝင်းမျိုးနှင့် တတိယဆုကို မြောက်ဦးမြို့မှ ကိုရတနာအောင်တို့ကရရှိခဲ့သည်။
၄င်းပွဲတွင် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ အမျိုးသား ၊ အမျိုးသမီး ၆ဝ ကျော် နီးပါး ပါဝင်ယှည်ပြိုင်ခဲ့ကြောင်း သိရသည်။
---------------------------
Unicode:
နိရဉ်စရာ ၊ နိုဝငျဘာ ၁၈ /၂ဝ၁၉