သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရသေ့တောင်မှ ဦးဦးသိန်းမောင် ဖမ်းဆီးခံထားရာမှ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆/ ၂ဝ၂ဝ

ရသေ့တောင်မြို့မှ ဖမ်းဆီးခံထားသူ နှစ်ဦးအနက်မှ နောက်ဆုံး ကျန်ရှိနေခဲ့သူ ဦးဦးသိန်းမောင် (၇၁) နှစ်ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

ဦးဦးသိန်းမောင်၏ သမီးဖြစ်သူ မကြည်ကြည်မိုးက “အဖေက မနေ့က နေ့လယ် ၁၂ နာရီမှာ အိမ်ကို ပြန်ရောက်ပါပြီ။ အိမ်ကိုတော့ ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာပါတယ်။ အကုန်လုံးက အေးအေး ဆေးဆေးပါပဲ။ အခုတော့ အဖေ အိပ်နေပါတယ်။ အကြောင်းစုံသိချင်ရင်တော့ အဖေနိုးလာမှ ပြောရမယ်” ဟု သူမက ယနေ့ နေ့လယ် ၁ နာရီခန့်က နိရဥ္စရာသို့ ပြောသည်။

ရသေ့တောင်မြို့မှ ဦးဦးသိန်းမောင်၊ ဦးဦးသာဇံတို့သည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအပါအဝင် အစိုးရဌာနမှ ဘေးစီမံ ဝန်ထမ်းအချို့နှင့် ရေပိုက်ဆုံကျေးရွာသို့ ကယ်ဆယ်ရေးသွားပေးစဉ် ငလပြားဆိပ်ကမ်းတွင် AA တပ်ဖွဲ့ဝင်များက  ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဦးဦးသာဇံမှာ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ၉ ရက်အကြာ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က ပြန်လွတ်လာခဲ့သည်။

ဦးဦးသာဇံ  “ခေါ်ယူသွားတာက တောထဲကိုပါ။ မျက်နှာတွေ ဖုံးပြီးခေါ်သွားတယ်။ AA အဖွဲ့အစည်းကပါ။ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်သွားတာပါ။ စစ်တာက တပ်တို့ ဘာတို့နဲ့ အဆက်အသွယ် လုပ်တယ်လို့ ကြားတယ်ဆိုပြီး ခေါ်သွားတာပါ။ ကျွန်တော်တို့ကို လူကြီးတွေဖြစ်လို့ ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်” ဟု သူလွတ်လာသည့်နေ့က နိရဥ္စရာသို့ ဖြေကြားခဲ့သည်။

ဆက်စပ် သတင်းများ