သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြိုနယ်စပါးထားရွာ သောက်ရေကန်တစ်ခုတွင် ငါးများသေဆုံးနေ၍ ရေကန်အသုံးပြုခွင့်ပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ၁၇/၂ဝ၂ဝ

ရခိုငပြည်နယ်၊ ပုဏ္ဏားကျွန်းမြိုနယ်၊ စပါးထားရွာ သောက်ရေကန်တွင် ငါးများသေဆုံးနေ၍ သောက်ရေကန် အသုံးပြုခွင့်ကို ယာယီပိတ်ထားရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းစိုးက ပြောသည်။

“ သေတာကတော့ ဒီလ ၁၅ ရက်နေ့ကတည်းက စသေပါတယ်။ အခုအချိန်ထိ သေနေတုန်း၊ ငါးကောင်ရေက ထောင်နဲ့ ချီရှိပါတယ်။ ဘာကြောင့်သေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူး။ အခု လောလောဆယ်တော့ ရေသုံးစွဲခွင့်ကို  ဆိုင်းငံ့ထားပါတယ်။ အဲဒီကန်က ရေကို အသုံးပြုခွင့်ပိတ်ထားပါတယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

စပါးထားရွာတွင် အိမ်ခြေ ၃၅ဝ နှင့် ရေကန်ရှစ်ကန်ရှိကြောင်း၊ ယခုလက်ရှိတစ်ကန်တွင်သာ ငါးသေဆုံးမှု ရှိခြင်းဖြစ်ကြောင်း၊ ကန်ရှစ်ကန်တွင် ရွာထဲတွင် ၃ ကန်နှင့် ရွာပြင်တွင် ၅ ကန်ရှိကြောင်း၊ ယခုကန်မှာ ယခုရွာအရှေ့ဘက် အပြင်တွင် တည်ရှိသည့်ကန်ဖြစ်ကြောင်း ပြောဆိုသည်။

“ ရေကို စစ်ဆေးဖို့ ပို့ထားပါတယ်။ တစ်ခါမှ ဒီလို မဖြစ်ဖူးဘူး။ ရေကန်က ရေအနက် ၉ ပေလောက်ရှိပါတယ်။ ပတ်လည်က ပေ ၁၂ဝဝ လောက်ရှိပါတယ်။ မဖြစ်သင့်ပဲ ခုလို ဖြစ်တယ်ဆိုတော့ ဘာကြောင့် ဖြစ်တယ် ဆိုတာလည်း ကျနော်တို့ ခန့်မှန်းမမရ ဖြစ်နေပါတယ်။ ရေက နည်းနည်းနောက်သွားပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

သေဆုံးသည့် ငါးများထဲတွင် ငပြီမ၊ ငရံ့၊ ကကတစအပါအဝင် ရေကန်ရှိ ငါးများအားလုံး သေဆုံးကြောင်း ၎င်းက ပြောသည်။  

ပုဏ္ဏားကျွန်းမြိုနယ်၊ အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်တင်က“ ဒီကနေ့ မနက်က ကျနော် စပါးထားကို ရောက်ပါတယ်။ ငါးတွေကို ဆယ်ပြီးစုထားပါတယ်။ ကောင်ရေက ၉ဝဝနဲ့ ၁ဝဝဝ ကြား ပတ်ဝန်းကျင်လောက်သေသွားတယ်လို့ ပြောပါတယ်။ ဒီရွာမှာက ကျန်းမာရေးဌာနရှိပါတယ်။ အခုရေကိုတော့ စစ်ဆေးဖို့ စစ်တွေကို ယူသွားတယ်လို့ သိရပါတယ်။ ငါးတွေသေတာက ဘာကြောင့် ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူး” ဟု ပြောဆိုသည်။

စပါးထားကျေးရွာသည် ပုဏ္ဏားကျွန်းမြိုနယ် အနောက်တောင်ဘက်တွင် တည်ရှိပြီး စစ်တွေမြို့နယ်နှင့်နီးကပ်စွာ တည်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ