တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ULA/AA ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက်(LIVE) ထုတ်လွှင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီလ ၂/၂၀၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို တိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဟု ULA/AA ပြောခွင့်ရ ဦးခိုင်သုခ၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ညနေပိုင်းက ရေးသားထားသည်။
“သတင်းစာရှင်းလင်းပွဲအား သက်ဆိုင်ရာ မီဒီယာပလတ်ဖောင်းနှင့် Facebook စာမျက်နှာများမှ တိုက်ရိုက် (LIVE) ထုတ်လွင့်သွားမည်ဖြစ်ပါသည်"ဟု ရေးသားထားသည်။
ULA/AA ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဧပြီလ ၅ ရက် နံနက် ၁ဝ နာရီတွင်ကျင်းပမည်ဖြစ်သည်။
ယခင်ပထမအကြိမ်တွင် မေးမြန်းခဲ့သည့်သတင်းဌာနများအနေဖြင့် ထပ်ဆင့်မှတ်ပုံတင်ရန် မလိုအပ်သော်လည်း မေးမြန်းလိုသည့်မေးခွန်းများကို [email protected] သို့ ဧပြီ ၃ ရက်နေ့နောက်ဆုံးထား၍ ကြိုတင်ပေးပို့ရမည်ဟု သိရသည်။
သတင်းထောက်တစ်ဦးစီအား “ကြိုတင်မေးခွန်း” (၂) ခုနှင့် “တိုက်ရိုက်မေးခွန်း” (၁)ခုစီကို မေးမြန်းခွင့်ပြုမည်ဟုလည်း ဖော်ပြထားသည်။
ULA/AA ၏သတင်းစာရှင်းလင်းပွဲကို လစဉ် ရက္ခိုင်ဘာသာစကားဖြင့်ကျင်းပသွားမည်ဟု ဦးခိုင်သုခက ပြောဆိုထားသည်။
ULA/AA ၏ ပထမအကြိမ်သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက်နေ့ကကျင်းပခဲ့သည်။
ပထမအကြိမ်ရှင်းလင်းပွဲတွင် ULA/AA အနေဖြင့် စစ်တပ်နှင့် တရားဝင်နားလည်မှုယူထားခြင်းမဟုတ်သည့်အတွက် အချိန်မေွရးတိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု ဦးခိုင်သုခက ပြောဆိုခဲ့သည်။
ရခိုင်ပြည်သူတို့လိုလားသည့် နိုင်ငံရေးရည်မှန်းချက်ကို လက်ရှိမြန်မာနိုင်ငံအတွင်းက မရရှိပါက နိုင်ငံတကာနှင့်ပူပေါင်းပြီး အမျိုးသားနိုင်ငံတော်ကို ကိုယ်တိုင်တည်ထောင်သွားမည်ဟုလည်း ပြောခဲ့သည်။
အပစ်ရပ်စဲထားချိန်တွင် ULA/AA အနေဖြင့် ရခိုင်၌ တရားစီရင်ရေးကိစ္စရပ်များကို ဦးစားပေးလုပ်ဆောင်နေရပြီး တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် အားနည်းချက်များရှိကြောင်း ဝန်ခံခဲ့သည်။
အောက်ခြေတွင် ULA/AA ၏အာဏာပါဝါကို အလွဲသုံးစားလုပ်နေသူများကို အပြစ်ပေး၊ အရေးယူမှုများလည်းရှိသည်ဟု ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။
ဓာတ်ပုံ - ULA/AA ၏ပြောခွင့်ရသူ ဦးခိုင်သုခအား ပထမအကြိမ်သတင်းစာရှင်းလင်းပွဲတွင်တွေ့ရစဉ်။

ဆက်စပ် သတင်းများ