တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ရေးအရလူအင်အား၊ လက်နက်အင်အားနှင့် ရိက္ခာဖြည့်တင်းခြင်းများကို တောက်လျှောက်လုပ်ဆောင်နေ၍ မလွဲမရှောင်သာစစ်ရေးအရ ထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ဟု ULA/ AA ဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဉ္စရာ၊ ဧပြီ ၅/၂၀၂၂

 စစ်ကောင်စီ (စကစ)က ရခိုင်ပြည်နယ်တွင် စစ်ရေးအရ လူအင်အား၊ လက်နက်အင်အားနှင့်  ရိက္ခာ ဖြည့်တင်းခြင်းများကို တောက်လျှောက်လုပ်ဆောင်နေသည်ကို တွေ့မြင်နေရပြီး ထိုလုပ်ဆောင်ချက်များကြောင့်  မလွဲမရှောင်သာစစ်ရေးအရ ထိပ်တိုက်တွေ့မှုများ ဖြစ်လာနိုင်သည်ဟု  ULA/AA ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ မတ် ၅ ရက်နေ့ အွင်လိုင်းမှ  ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

စကစဟာ ULA/AA ဦးဆောင်တဲ့ ရက္ခိုင်ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို အနှောင့်အယှက်ပေးရုံသာမက တဖက်မှာ စစ်ရေးအရ လူအင်အား၊ လက်နက်အင်အားနဲ့ ရိက္ခာ ဖြည့်တင်းခြင်းတွေကို တောက်လျှောက်လုပ်ဆောင်နေတာတွေကို တွေ့မြင်ရပါတယ်   ဟု ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ်အတွင်း ULA/AAက ကြိုးပမ်းလုပ်ဆောင် အကောင်အထည်ဖော်နသည့် လုပ်ငန်းစဉ်များကိုလည်း တောက်လျှောက်ကန့်ကွက်အနှောင့်အယှက်ပြုနေသည်ဟု ပြောဆိုသည်။  

 ောက်ပြီးတော့ ULA/AAက ကြိုးပမ်းလုပ်ဆောင်နေတဲ့ အာရက္ခဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားတဲလူမျိုးဘာသာတိအကြား သဟဇာတဖြစ်ရေး၊ တရား ဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေး၊ တရားမျှတမှုရရှိရေးလုပ်ငန်းစဥ်တွေကိုလည်း စကစဘက်က တောက်လျှောက်ကန့်ကွက်အနှောင့်အယှက်ပြုနေတာကို တွေ့ရပါတယ် ဟု ဆိုသည်။

၎င်းလုပ်ရပ်များသည် ရခိုင်၏ တည်ငြိမ်ရေးကို မလိုလားကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်ဟု ဦးခိုင်သုခက ပြောဆိုသည်။

င်းအပြင်မတူညီတဲ့လူမျိုးဘာသာတွေကြား ပြသနာဖန်တီးပြီးတော့ ပြုလုပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ စကစ၏ယင်းအပြုအမှုနဲ့လုပ်ရပ်တွေဟာ အာရက္ခ ပြည်သူတွေ ငြိမ်းချမ်းရေးကို မလိုလားကြောင်း ရှင်းလင်းစွာပြသနေတာဖြစ်ပါတယ်။

ယခုလုပ်ရပ်များကြောင်း မလွဲမရှောင်သာစစ်ရေးအရထိပ်တိုက်တွေ့မှုတွေ ဖြစ်လာနိုင်ပါကြောင်း သူက ပြောဆိုသည်။

ကစဘက်ကအခုထက်ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေနဲ့ အာရက္ခပြည်သူတွေ အပေါ်ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်လာမယ်ဆိုရင် အာရက္ခပြည်အတွင်းစကစနဲ့ မိမိတို့ ရက္ခိုင်ပြည်သူ အစိုးအရ အကြား မလွဲမရှောင်သာစစ်ရေးအရထိပ်တိုက်တွေ့မှုတွေ ဖြစ်လာ နိုင်ပါတယ်ဟု ပြောဆိုသည်။

ယခု လုပ်ရပ်များမှာ  အာရက္ခပြည် တည်ငြိမ်အေးချမ်းမှုနှင့်  ဖွံ့ဖြိုးတိုးတက်မှုများကို တိုက်ရိုက် ခြိမ်းခြောက်နေခြင်း ဖြစ်သည့် အတွက် အာရက္ခပြည်သားများ အားလုံး နိုင်ငံရေးအသိ၊ စစ်ရေး အသိမပေါ့ဆကြရန်နှင့် ယခု ထက်ပိုစည်းလုံးညီညွတ်မှုရှိကြရန်  တိုက်တွန်း အသိပေးလိုပါကြောင်း ဦးခိုင်သုခက ပြောဆိုသွားသည်။

ဆက်စပ် သတင်းများ