တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တပ်ထုတ်ကုန်များကို ရခိုင်တွင်သပိတ်မှောက်ရန် ရှိ/မရှိဆွေးနွေးနေကြောင်း ULA/AA ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၅/၂၀၂၂

ရခိုင်ပြည်နယ်အတွင်း စစ်တပ်ထုတ်ကုန်များအား သပိတ်မှောက်မှု ပြု/ မပြုကို ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်( ULA) ဗဟိုကော်မတီတွင် ဆွေးနွေး နေဆဲဖြစ်ကြောင်း ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ ဧပြီလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။


မြန်မာနိုင်ငံမှ နေရာအများအပြားတွင် လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် စစ်တပ် ထုတ်ကုန်များကို မရောင်းချရန် သပိတ်မှောက်မှုများရှိနေရာ ရခိုင်ပြည်နယ်တွင်လည်း ထိုသို့ ပိတ်ပင်မှုများ ပြုလုပ်ရန် အခြေအနေ ရှိမရှိ သတင်းထောက် တစ်ဦးက မေမြန်းသည်ကို ဦးခိုင်သုခက ထိုသို့ ဖြေဆိုသွားခဲ့သည်။


စစ်ကောင်စီဘက်က ထုတ်တဲ့ပစ္စည်းတွေနဲ့ ပတ်သတ်ပြီးတော့ သပိတ်မှောက် boycott လုပ်ဖို့ ရှိမရှိဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ လောလောဆယ် Boycott လုပ်ဖို့မလုပ်ဆိုတာကို ဗဟိုကော်မတီမှာဆွေးနွေးနေကြတုန်းဖြစ်ပါတယ်ဟု ပြောသည်။

စစ်တပ်ထုတ်ကုန်များကိုရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းများမပြုလုပ်ကြရန် ကချင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေအပါအဝင် တခြားသော ကာကွယ်ရေး တပ်များက တားမြစ်သတိပေးမှုများရှိနေသည်။

စစ်တပ် ထုတ်ကုန်ပစ္စည်းများတွင် မြန်မာဘီယာ၊ Mytel ဆင်းကဒ်၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ်ကဲ့သို့သော ပစ္စည်းများပါဝင်သည်ဟု သိရသည်။

စားသောက်ကုန်လုပ်ငန်းများတွင် အဓိကအားဖြင့် နန်းမြိုင်ကော်ဖီ၊ မြန်မာဘီယာ၊ ဒဂုံ/မန္တလေး တံဆိပ်ဘီယာ၊ Premium GoldAndaman Gold BlueAndaman Gold Andaman Gold SpecialArmy RumBlack Shield StoutDagon Dairy Plant ထုတ်ကုန်များ၊ ရွှေဖီဦး၊ Seven 7 တံဆိပ် နို့ဆီများအပြင် ဆင်မင်း၊ ကြံ့တံဆိပ်ဘိလပ်မြေစသည့် အခြားသော နာမည်များနှင့် ထုတ်လုပ်နေသည် စစ်တပ်ထုတ်ကုန်များလည်း ရှိသေးသည်ဟု သိရသည်။

စစ်တပ်သည် လူ့အသုံးအဆောင်ပစ္စည်း အောက်ခြေသုံး ဆပ်ပြာမှစ၍ စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှပရေးရာ၊ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ချိနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ