တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို အာရက္ခပြည်စစ်ဒေသအားလုံးတွင် စည်စည်ကားကားကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဧပြီ ၅/၂၀၂၂
ဧပြီ ၁၀ ရက်နေ့တွင်ကျရောက်မည့် ၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို အာရက္ခပြည်စစ်ဒေသအားလုံးတွင် စည်စည်ကားကားကျင်းပသွားမည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုလိုက်သည်။
"တပ်တော်နေ့ကို အာရက္ခပြည်စစ်ဒေသအားလုံးနဲ့ ယာယီဗဟိုဌာနချုပ်အခြေစိုက်တဲ့နေရာအားလုံးမှာကိုဗစ် ၁၉ စည်းကမ်းချက်တွေနဲ့အညီ စည်စည်ကားကားကျင်းပသွားဖို့လုပ်ဆောင်နေကြပါတယ်"ဟု ပြောသည်။
ယနေ့ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပသည့်အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ယခုကဲ့သို့ ပြောလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် တပ်တော်နေ့အထိမ်းအမှတ်အဖြစ် စစ်ဒေသအသီးသီးတွင် ဘောလုံးပွဲ၊ ဘောလီဘောပွဲနှင့် ရခိုင်ရိုးရာကျင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပလျက်ရှိနေသည်ဟု ဦးခိုင်သုခက ပြောသည်။
ဦးခိုင်သုခက "တပ်တော်နေ့ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိတို့ရက္ခိုင့်တပ်တော်နေ့ကို ပြည်သူတစ်ရပ်လုံး အမြဲတမ်းသိရှိစေဖို့နဲ့ ပြည်သူနဲ့ တပ်တော်ကြား ပိုမိုချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် လေးစားယုံကြည်မှုတွေ တိုးပွားလာဖို့အတွက်ဖြစ်ပါတယ်"ဟု ပြောသည်။
တပ်တော်နေ့အခမ်းအနားသို့ ပြည်သူများအနေဖြင့််လည်း နီးစပ်ရာစစ်ဒေသမှ တာဝန်ရှိသူတို့ထံဆက်သွယ်ပြီး တက်ရောက်နိုင်ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA)ကို KIA ထိန်းချုပ်နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် လူငယ်၂၀ ကျော်ဖြင့် ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အတွက် ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ၁၃ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ဆက်စပ် သတင်းများ